logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

မိုးကုတ်ဆရာတော်ကြီး_ဦးဝိမလ

မိုးကုတ်ဆရာတော်ကြီး_ဦးဝိမလ

ထေရုပ္ပတ္တိ (Biography)

တရား 0
စာအုပ် 68
တရားတော်များစာအုပ်များ
ထေရုပ္ပတ္တိ အပြည့်အစုံ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ 

မိုးကုတ်ဆရာတော်ဘုရားကြီး၏ 

ထေရုပ္ပတ္တိအကျဉ်း 

၁။မွေးဖွားတော်မူချိန် 

သက္ကရာဇ်၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည် ()နာရီ မိနစ်သုံးဆယ်အချိန်တွင် ဥယျာဉ်တော်ရွာ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အလောင်းအလျာ ဖြစ်သော သတို့သား ရတနာကို ဖွားမြင်တော် မူပါသည်။ 

ခမည်းတော်မှာဦးအောင်ထွန်း ဖြစ်၍၊ မယ်တော်မှာ ဒေါ်ရွှေအိတ် ဖြစ်ပါသည်။ ခမည်းတော် မယ်တော်တို့မှာ ဒေသ အလျောက် တောင်သူ လယ်သမား မျိုးရိုး ဖြစ်ကြ၍ သမ္မာအာဇီဝ လုပ်ငန်းဖြင့် ရိုးရိုးသားသား လုပ်ကိုင် နေထိုင်သူများ ဖြစ်ကြလေသည်။ 

၂။မွေးဖွားရာဇာတိမြေ
(ဥယျာဉ်တော်ရွာ

ဥယျာဉ်တော်ရွာကား၊အမရပူရမြို့တည် နန်းတည် ဗဒုံမင်းခေါ် ဘိုးတော်ဦးဝိုင်း လက်ထက် တော် အခါက သီးပင်မျိုးစုံ စိုက်ပျိုးထားသော (မဟာသီရိနန္ဒဝံ) ခေါ် ဥယျာဉ်နေရာ ဖြစ်ခဲ့ဖူး လေသည်။ 

အမရပူရခေတ်မှမန်းရတနာပုံခေတ်သို့ ရောက်ရှိလေ သောအခါ ဥယျာဉ်တော်သည် ရွာအဖြစ်သို့ ရောက်ရှိလာခဲ့ လေသည်။ 

ယခုမန္တလေးတိုင်း၊ မြစ်ငယ်မြို့နယ် (ဒုဋ္ဌဝတီ) ခေါ် မြစ်ငယ်မြစ် တစ်ဖက်ကမ်းတွင် တည်ရှိနေပါသည်။ 

မယ်တော်ဒေါ်ရွှေအိတ်သည် ဆရာတော် အလောင်းအလျာကို ဖွားမြင်သည်အထိ (ကိုးပါးသီလ) စောင့်ထိန်းကာ တရားစာပေဖြင့်သာ အချိန် ကုန်လွန်စေသည်။ 

ဗုဒ္ဓဟူးနေ့တွင်ဖွားမြင်တော် မူသောကြောင့် နေ့သင့်နံသင့်အား ဖြင့် သတို့သား၏ နာမည်ကို (မောင်လှဘော်) ဟု အမည် ကင်ပွန်းတပ်ကြလေသည်။ 

၃။ကျောင်းအပ်မင်္ဂလာချိန်အခါ 

မောင်လှဘော်သည်လေးနှစ်သား အရွယ်သို့ ရောက်ရှိသောအခါ၊ ဥယျာဉ်တော်ရွာရှိ မူလတန်း ကျောင်း၌ ကျောင်းဆရာကြီးဦးစံရထံတွင် အပ်နှံထားရှိ၍၊ ၄တန်း အထိမျှသာ ပညာ သင်ကြားရလေသည်။ 

၄။ရှင်သာမဏေပြုခြင်း 

အသက်
()နှစ်သား အရွယ်သို့ ရောက်ရှိသောအခါ ဥယျာဉ်တော် ရွာရှိ ဂွေးပင်တောရ ကျောင်း ဆရာတော်ဦးဇာဂရအရှင်မြတ်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်း ချီးမြှောက် ကြလေ သည်။ 

ဘွဲ့တော်မှာဗုဒ္ဓဟူးသားဖြစ်၍ ရှင်ဝိမလဟု မှည့်ခေါ်စေလေသ တည်း။ 

သဒ္ဒါ၊သဂြိုဟ်စသော အခြေခံစာဝါများကို ကြိုးစားသင်ယူ၍ ဆရာဝတ် များကိုလည်း ကျေပွန်လှ၏။ အဟောအပြော ငယ်ငယ်ကပင် ကောင်းမွန်လှ၍ လာဘ်လာဘ ပေါများပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ဘုန်းကြီး နေသဖြင့် ဆရာ ဘုန်းတော်ကြီးနှင့် ရပ်သူရွာသား ဒါယကာ၊ ဒါယိကာမ များက ကိုရင်သီဝလိ ဟုပင် ခေါ်စမှတ် ပြုကြလေသည်။ 

၅။သင်္ကန်းတော်ကိုပျားစွဲခြင်း
(ပထမအကြိမ်

ကိုရင်ဝိမလ
(၁၂) နှစ်အရွယ်သို့ ရောက်ရှိသောနှစ် တစ်နေ့သော အချိန်တွင် ဥယျာဉ် တော်ရွာ၊ ဂွေးပင်တောရ ကျောင်းပေါ်တွင် ကိုရင်၏ သင်္ကန်းများကို တန်းပေါ်တွင် ခေါက်တင် ထားရာ သင်္ကန်းများကို ပျား ကောင်များသည် ဝိုင်းအုံလာပြီးလျှင် သိုက်အုံဖွဲ့ကာ စွဲနေကြ တော့သည်။ 

ဤပျားများစွဲခြင်းအကြောင်းကို သိရှိရသော ဂွေးပင်တောရ ဆရာတော်ကြီးကဤသာမဏေ သည် နောင်သော အခါတွင် ဘုန်းကံကြီးမား သော အကျော် အမော် ဆရာတော် တစ်ပါး ဖြစ်လိမ့်မည်၊ တပည့် ဒါယကာ ဒါယိကာမ အသိုက်အဝန်း ကြီးမား၍ လူများစွာ၏ မှီခို အားထားရာ ဖြစ်ပေလိမ့်မည်ဟု နိမိတ် ဖတ်ကြားတော်မူလေသည်။ 

၆။အမရပူရမြို့ မင်္ဂလာတိုက်သို့ ပညာသင်ကြားရန် တစ်ကိုယ်တော် ခရီးထွက်ခဲ့ခြင်း။ 

‘‘အချိုတွင်ပျားသကာ၊ တရားတွင် အဘိဓမ္မာ’’ 

ရှင်ဝိမလသည်မိမိ၏ဘုန်းတော်ကြီး အိုမင်းမစွမ်း ရှိလာသည်နှင့် စာဝါများ အချိန်မှန်မှန် သင်ကြားခွင့် မရတော့ပေ။ ဒီအတိုင်း နေသွားရလျှင် စာတတ်တော့မှာ မဟုတ်ဘူးဟု ပူပန်နေ၏။ 

အစ်မကြီးအရင်းဖြစ်သူ သီလရှင် ဒေါ်သုစာရီသည် အမရပူရမြို့ မင်္ဂလာ ကျောင်းတိုက်၌ အဘိဓမ္မာ အရာတွင် လွန်စွာ ထင်ရှားသော ပထမကျော် ဆရာကြီး ဦးအုန်း ထံမှောက်၌ ပညာ သင်ရောက်လျက် ရှိနေ လေသည်။ 

အစ်မဖြစ်သူ၏ပြောစကား အရ ရှင်ဂိမလသည် မြို့တက်ကာအဘိဓမ္မာ သင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လျက် ရှိလေသည်။ 

မိဘနှင့်ဆရာသမားများအား ခွင့်ပန် လျှောက်ထားရာ နှစ်ကြိမ် သုံးကြိမ် တိုင်အောင် ခွင့်မပြုကြ၍ အမရပူရသို့ တိတ်တဆိတ် တစ်ကိုယ်တော် ထွက်လာ ခဲ့လေတော့သည်။ မိဘများ သတင်း ကြားကြ၍ လိုက် ခေါ်ကြ သော်လည်း ပြန်မလိုက်တော့ဘဲ တရားဟော ကာသာ ပြန်လွှတ် လိုက်လေ တော့သည်။ 

အစ်မသီလရှင် ဆရာနှင့် ဒေါ်ပုည၊ ဒေါ်ဝိစာရီတို့က မင်္ဂလာတိုက် ဆရာတော်ကြီး ဦးသုဇာတ အထံတော်သို့ အပ်နှံကြလေသည်။ ကိုရင် ဝိမလသည် မင်္ဂလာတိုက် မကုဋ ကျောင်းငယ်တွင် နေထိုင်ရလေသည်။ မကုဋ ဟူသည်ကား အထွတ်အထိပ်ပင်တည်း။ 

မင်္ဂလာတိုက် 

မင်္ဂလာတိုက်ကားသာမညဌာန မဟုတ်ပါချေ။ ဘူမိနက်သန် အောင်မြေမှန်သော နေရာ ဖြစ်လေသည်။ 

အမရပူရတွင်ဘိုးတော်ဦးဝိုင်း နန်းတည်မည် ရှိသောအခါ အမတ် ကြီး ဦးပေါ်ဦးနှင့်တကွ မင်းကြီးလေးပါး၊ မြင်းသည်တော်များနှင့် ဗိသုကာ တစ်ရာကျော်တို့ စခန်းချ တည်းခိုကာ မင်္ဂလာ အချိန်ကို စောင့်ဆိုင်း နေခဲ့ ကြသော နေရာဌာန ဖြစ်သည့် အပြင်၊ ရှေးမင်းများ လက်ထက် တော် အခါက နာမည်ကျော် ကြက်သွန်ခင်း တောရ ကျောင်းတိုက် နေရာဟောင်းလည်း ဖြစ်လေသည်။ 

သီလဝိသောဓနီကျမ်း၌ကြက်သွန်ခင်းဆရာတော်သည်ပဋိပတ် အရာ၌ ထင်ရှား ကျော်စောသော ဆရာတော် တစ်ပါးဖြစ်ကြောင်း၊ အကျင့် သိက္ခာနှင့် လည်းကောင်း၊ မင်းစိုးရာဇာ စသည်တို့နှင့် ဆက်ဆံရာတွင် လည်းကောင်း၊ တင်းတင်းရင်းရင်း ရှိလှ၍ ဆရာတော်၏ အရှိန်အဝါ သည် အလွန်တရာ ကြီးမားတော်မူလေသည်။ 

ပဋိပတ်အရာတွင် အရွယ်တူ ဆရာတော်များကပင် လျှောက်ထား ရသော ဆရာတော် တစ်ပါး ဖြစ်လေသည် စသည်ဖြင့် ရေးသားထားသည် ကိုတွေ့ရှိရလေသည်။ 

ရှင်ဝိမလကားမိမိနေရာဟောင်း ကြက်သွန်ခင်း ကျောင်းတိုက်သို့ ပြန်ရောက် လာခြင်း ပေလော။ 

ရှင်ဝိမလသည်မင်္ဂလာတိုက် ဆရာတော်နှင့် မင်းတုန်း၊ သီပေါ၊ ဗြိတိသျှ ခေတ်သုံး ခေတ်တွင် အဘိဓမ္မာ အရာတွင် နာမည်ကျော် ပထမကျော် ဦးအုန်း ထံ၌ အဘိဓမ္မာ ပညာများကို ကြိုးစား၍ သင်ယူလေ တော့သည်။ 

ရှင်ဝိမလ၏ထူးခြား ထက်မြက်သော ဥပဓိရုပ်ရည်နှင့် ပညာအရည် အချင်းတို့ကြောင့် ဆရာတော်ကြီးက အထူးပင် အရေးပေးခြင်း ခံရလေသည်။ 

ရှင်ဝိမလသည်ဥပုသ် ဇရပ်များတွင် တရားဟော ကောင်းသည်ဟု တစ်စတစ်စနှင့် ကျော်ကြား လာသဖြင့် ပညာရေး နှောင့်နေမည်ကို စိုး သောကြောင့် ဆရာတော်ကြီးများက တရားဟောမှုကို ပိတ်ပင် ထားရ လေသည်။ 

ကိုရင်ဘဝနှင့်ပင်ဆရာကြီး ဦးအုန်း၏ အဘိဓမ္မာအမွေကို အတွင်းကျကျ ရရှိထားသူ ဖြစ်လေတော့သည်။ 

၇။ဒုတိယအကြိမ် ပျားစွဲရခြင်း 

ရှင်ဝိမလသက်တော် (၂၀) ရှိလေသောအခါ၊ ၁၂၈၁-ခု၊ ဝါဆို လဆန်း () ရက်နေ့တွင် မင်္ဂလာတိုက်ဆရာတော် ဘုရားကြီးအား ဥပဇ္ဈာယ် ပြု၍ မြင့်မြတ်သော ရဟန်း အဖြစ်သို့ ရောက်ရှိတော် မူလေ သည်။ 

ရဟန်းဒါယကာများမှာ အမရပူရမြို့၊ အိုးတော်ရပ်၊ ကုန်သည်ကြီး ဦးဝမ်းနှင့် ဇနီး ဒေါ်ဒေါ်စော တို့ ဖြစ်ကြလေသည်။ 

ရဟန်းခံယူသောနေ့၊သိမ်မှထွက်တော်မူကာ မိမိနေထိုင်ရာ မကုဋ ကျောင်းပေါ်တွင် (ယခု စြင်္ကန်ကျောင်း မြောက်ဘက် ဘုံကျောင်း နေရာ) သင်္ကန်းများ ချွေးစိုရွှဲနေသဖြင့် ခဏတစ်ဖြုတ် တန်းပေါ်တွင် တင်လှမ်း ထားရာ မိနစ်ပိုင်း အတွင်းမှာပင် ပျားပေါင်းများစွာ ပျံသန်းလာပြီးလျှင် အသိုက်အအုံ လုပ်ကာ ဝဲကြပျံကြလေသည်။ (ဒုတိယမ္ပိ သင်္ကန်းများကို ပျားစွဲခြင်း ဖြစ်သည်) 

လူတို့အတွက်အကောင်းဆုံးသော အချိုမြိန်ဆုံးသော ဆေး အာဟာရကို ဖြည့်စွမ်း ပေးနိုင်ကြ သူများမှာ ပျားသတ္တဝါတို့ပင် မဟုတ် ပါလော။ 

ထိုဖြစ်ရပ်ကိုကိုယ်တွေ့ကြုံရသော အမရပူရမြို့ အောင်ခြင်းရှစ် ပါးဆရာတော်ကြီးက ပုဗ္ဗနိမိတ် ဖတ်တော်မူသည်မှာယခုဘဝတွင်မှာပင် တရားထူး တရားမြတ်များကို ရရှိနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်ရ လိမ့်မည်ဟု ဖွင့်ဟမိန့်ဆိုတော်မူခဲ့လေသည်။ 

၈။ဒုတိယအကြိမ် သိမ်ထပ်သိက္ခာတင် မင်္ဂလာ 

၁၂၈၃-
ခုနှစ်တွင် အစ်မဖြစ်သူ သီလရှင် ဒေါ်သုစာရီနှင့် စာသင်ဖက် ဖြစ်သော (မိုးကုတ် မြို့သူ) သီလရှင် ဒေါ်ဝိစာရီတို့က သိမ် ထပ် မင်္ဂလာ ပြုကြပြန်သည်။ ဤအချက်သည် ပင်လျှင် မိုးကုတ်ဆရာတော် ဟူသော အမည်တော်ကို ခေါ်ဝေါ်နိုင်ရန် အခြေခံ အကြောင်းတစ်ရပ် ဖြစ်ခဲ့ရ လေသည်။ 

ထိုအချိန်အခါတွင် ပထမကျော် ဆရာကြီး ဦးအုန်းက မိမိကိုယ်စား ဦးပဉ္စင်း ဦးဝိမလအား အဘိဓမ္မာ ညဝါများကို စမ်းသပ် ပို့ချခိုင်းလေသည်။ 

နေ့လယ်အခါတွင်မူမန္တလေးမြို့သို့ ရထားဖြင့်သွားရောက်ကာ စာပေ ပိဋကတ်တော်များ သင်ယူတော် မူရလေသည်။ 

စာဝါလိုက်ခဲ့ရသောဆရာတော်ကြီးများကား ခေမာသီဝံကျောင်း တိုက် ဆရာတော် ဘုရားကြီး ကျောင်းတိုက် ဆရာတော် ဦးခန္တီနှင့် ဆရာတော် ဦးကြည်တို့ ဖြစ်ကြလေသည်။ 

၉။ကျောင်းထိုင်စာချဘုန်းကြီး 

၁၂၈၆
ခုနှစ်တွင် မင်္ဂလာကျောင်းတိုက်အတွင်း အလယ်ပိဋကတ် တိုက်ကျောင်းကြီး၌ ကျောင်းထိုင်စ ာချဖြစ်တော်မူကာ နှစ်ပေါင်း သုံးဆယ် ကျော်မျှ အထူးသဖြင့် အဘိဓမ္မာ ညဝါကျမ်း များကို ပို့ချတော် မူလေသည်။ 

မာတိကာ၊ဓာတုကထာနှင့် ယမိုက်ပဋ္ဌာန်း သုံးကျမ်းတို့ကို တစ်နှစ်လျှင် သုံးကြိမ်စီ ပို့ချတော် မူလေရာ၊ စာလိုက် သံဃာများမှာ ၃၀၀- ၄၀၀-ပင် ရှိကြသဖြင့် ကျောင်းပေါ်၌ နေရာ ထိုင်ခင်း မလုံလောက်တော့ ကျောင်းဘေးရှိ မယ်ဇယ်ပင်များ၏အရိပ် အာဝါသကို ခိုလှုံကာ စာဝါများကို လိုက်နာ ကြရလေသည်။ 

စာချဆရာတော်ဦးဝိမလနှင့် အဘိဓမ္မာ ညဝါ သတင်းများသည် တစ်ပြည်လုံးရှိ သံဃာ့ လောက၌ မသိသူ မရှိသလောက် ထင်ပေါ် ကျော် ကြားသွားလေတော့သည်။ 

‘‘တောင်မြို့မှာမနေဖူးလျှင် အဘိဓမ္မာ မတတ်’’ ဟုပင် ဆိုစမှတ်ပြု ကြလေသည်။ 

ထို့နောက်ဆရာတော်ဦးဝိမလသည် ပထမကျော် ဆရာကြီးဦးအုန်း လက်စမသတ် ခဲ့ရသော နာမည်ကျော် အဘိဓမ္မာ တံခွန်ကျမ်းကြီးကိုလည်း လက်စသတ် ရေးသားတော် မူလေသည်။ 

၎င်းနောက်ဆရာတော် ဦးဝိမလသည် ယမကမဉ္စရီကျမ်းနှင့် ပုထုဇနအလင်းပြ ကျမ်းများ ကိုလည်း ပြုစုတော် မူလေသည်။ 

မိုးကုတ်ဆရာတော်ဦးဝိမလ၏ အဘိဓမ္မာ ပျားလဘို့တို့သည် ယနေ့ တိုင်အောင်ပင် သောက်စို့၍ မကုန်နိုင်ပါချေတကား။ 

၁၀။စာချ ဓမ္မကထိက ဦးဝိမလ 

ဆရာတော်ဦးဝိမလသည် စာသင်သား ရဟန်းတော်များအား စာပေ ပို့ချတော်မူလျက်ပင် တစ်ဖက်မှလည်း လူဒါယကာ၊ ဒါယိကာမများ အား အဘိဓမ္မာ တရားများကို ဟောကြား ပြသတော် မူလေသည်။ 

ဝါတွင်းသုံးလပတ်လုံး တောင်မင်းကြီးဘုရား၊ ရဲလောင်းဇရပ်နှင့် အောင်မြေ ရွှေဘုံဘုရား တန်ဆောင်းများ၌ အလှည့်ကျပင် နေ့စဉ်တရား ဟောတော် မူရလေသည်။ 

လူဒါယကာအချို့က တရားနာရုံမျှ အားမရသေးဘဲ၊ ရဟန်းတော် များအား ပို့ချတော် မူသော အဘိဓမ္မာ ညဝါ များကိုပင် လာရောက် နာယူ ကြလေသည်။ 

၁၁။ဆရာတော်ဘုရားကြီးများ၏မိန့်ခွန်းတော် 

မောင်ပဉ္စင်းစာချရတာဟာ ကုသိုလ်ရရုံပဲ ရှိတယ်၊ တရားဟောရ တာလဲ ကုသိုလ် ရရုံလောက်ပဲ ရှိတယ်၊ မိမိကိုယ်တိုင် ဦးစွာ ပထမ ဝိဇ္ဇာ အသိဉာဏ်နဲ့ ကိစ္စပြီးအောင် ဆောင်ရွက် လုပ်ကိုင်ပါဦး၊ နောက်ကျမှ ဟောမှု ပြောမှုတို့ကို ပြုလုပ်တာပေါ့ဟု .. 

သင်္ကန်းပျားစွဲနိမိတ်ကို ဖတ်ကြား တော်မူခဲ့သော အောင်ခြင်း ရှစ်ပါး ဆရာတော်ကြီးက နောင် အနာဂတ် အရေးကို မျှော်တွေး ထောင့်ချင့်တော်မူလျက် တရားဟောခြင်းနှင့် စာချ နေခြင်းတို့ကို ဟန့်တား တော် မူလေသည်။ 

အောင်ခြင်းရှစ်ပါးဆရာတော်ကြီး၏ ဆုံးမဩဝါဒကို မမျှော်လင့်ဘဲ နှင့် ဖြုန်းခနဲ ကြားလိုက် ရသော အခါ ဦးပဉ္စင်း ဦးဝိမလ၏ စိတ်ထဲ၌ နင့်ခနဲ ဖြစ်သွားကာ သံဝေဂဉာဏ်များ ဝင်ရောက် လာလေတော့သည်။ 

ထိုအချိန်မှစတင်ကာ ညဉ့်အခါများ၌ အချိန်ထားတော်မူကာ ဝိပဿနာ ဘာဝနာ အလုပ်ကို အားထုတ် ကြိုးစားတော် မူရလေသည်။ 

သိတတ်သူများအဖို့ သတိပေး ရသည်မှာ လွယ်ကူ လှပါပေသည်။ မင်္ဂလာတရားတော်၌ သောဝစ္စဿတာ ဂုဏ်ဆိုသည်မှာ ဤကဲ့သို့သော နားထောင်လွယ်သော ဂုဏ်မင်္ဂလာပင် ဖြစ်လေသည်။ 

အဟောကောင်းအပြောကောင်း စာချကောင်းဟူသော ယာယီ အကောင်းများကို မရှောင် လွှဲသာ သေးသဖြင့် အားလပ်သော အချိန် မရှိ လှ၍ ကျိန်းစက်ချိန်မှ ဖဲ့ယူတော်မူကာ ပဓာနအလုပ် ခေါ် ဝိပဿနာ အလုပ်ကို လုပ်မိအောင် လုပ်ယူနေရတော့၏။ 

ထိုအချိန်ထိုအခါလောက်ကပင် ဆရာတော်၏ ဝိပဿနာဉာဏ် အဆင့်သည် ဥဒယဗ္ဗယ ဉာဏ်စခန်းသို့ ရောက်ရှိ နေဟန် ရှိလေသည်။ 

ဆရာတော်ဦးဝိမလသည်ယထာဘူတံ ဉာဏာယ သတ္တာ ပရိယေသိတဗ္ဗောဟူသော ရှင်တော်မြတ် ဘုရား၏ ဝိပဿနာအရာ ဆရာကောင်း ရှာမှီးရမည်ဟူသော ထုံးကို နှလုံး၌ ထားတော် မူလျက် ကလျာဏမိတ္တ စစ်မှန်သော ဆရာကောင်း ဆရာမွန်များကို မန္တလေး၊ မုံရွာ၊ မင်းကွန်း စသော နေရာဌာနများသို့ တရား ရှာမှီး သွားရောက်ကာ တရားဘာဝနာ လုပ်ငန်းများကို ကြိုးပမ်း အားထုတ်တော် မူလေသည်။ 

၁၂။ဆရာတော်၏ဟောဟန်များ 

ဆရာတော်သည်လူတိ၏စရိုက် အထာ သက္ကာဒိဋ္ဌိ များစွာ ပေါ်လွင်အောင် အညှီအတွယ်များ ရှင်းလင်းအောင် ကြိုတင် ခွာနိုင်သမျှ ခွာပေးတော် မူလေ့ရှိသည်။ 

မည်ကဲ့သို့ပင်ဂုဏ်ရှိရှိ ညှာတာ ထောက်ထား တော်မူလေ့ရှိ မမူဘဲ၊ တင်းတင်း ရင်းရင်း တိုက်ရိုက်ပင် လက်ညှိုး ထိုးကာ ဟောပြောလေ့ ရှိသည်။ 

ဝိပဿနာအလုပ်မခိုင်သေးမီ တစ်သံသရာလုံးက စွဲချက် နာလာ ခဲ့ရသော ဒိဋ္ဌိများကို အရင်ခွာလှီး တော်မူလေသည်။ သို့မှလည်း တရားခရီး ပေါက်သည်ဟု ယူဆတော်မူလေသည်။ 

ဒိဋ္ဌိကိုမခွာဘဲဒိဋ္ဌိတန်းလန်းနဲ့ ဝိပဿနာရှုလျှင် (ဒုဗ္ဗလဝိပဿနာ) အားနည်းသော ဝိပဿနာ ဖြစ်၍ မဂ်ဖိုလ် မရောက်နိုင်။ ထိုဒိဋ္ဌိအစွဲမှာ လည်း ပဋိစ္စသမုပ္ပါဒ် နားမလည်၍ စွဲရသည်ဟု သုံးသပ် တော်မူကာ ဒိဋ္ဌိ ကို အသိနှင့် ခွာရန် ပဋိစ္စသမုပ္ပါဒ်ကိုသာ နာနာဖိ၍ ထပ်ချည် တလဲလဲ နားစွဲ အီသွားအောင် ဟောတော်မူလေသည်။ 

ပဋိစ္စသမုပ္ပါဒ်တရားတော်ကို မိုးကုတ် ဆရာတော်ရဲ့ တရားစာအုပ် တွေကို ဖတ်ကြည့် မိတော့မှပဲ နားလည် တော့တယ်ဟု စာတတ် ပေတတ် ပုဂ္ဂိုလ်ကြီးများကပင် ချီးကျူး ရလောက်အောင် ရှင်းလင်း လှပါပေ၏။ 

မိလိန္ဒမင်းကြီးလက်ထက်တော် အခါတွင် ရဟန္တာ အများပင်ရှိ သော်လည်းရှင်နာဂသိန်သည်သာလျှင် ဥပမာ၊ ဥပမေယျ၊ ယုတ္တိ သာဓကတို့ဖြင့် ဖြေရှင်း နိုင်သကဲ့သို့ပင် ရှိတော့သည်။ 

အပြောအဟောအကတ်အသတ် နေရာများကိုပင် ရှင်းလင်းလွယ် ကူအောင် ဟောပြ ပေးတော်မူတတ် သဖြင့် ဒီခေတ် မြန်မာနိုင်ငံ၏အရှင် ကုမာရကဿပပင်ဖြစ်၍ သာလွန်သူကို မဆိုထားဘိ အလားတူပေါ် ထွက်ရန်ပင် မလွယ်ပါချေ ဟု ယနေ့ထင်ရှားနေသော စာမျက်နှာ ၆၈၀ခန့်ရှိ မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ တွင် တအံ့တသြ ချီးကျူး ထားသည်ကို ဖတ်ရှုရပါသည်။ 

၁၃။မင်းကွန်းကမိုးကုတ်ချောင် 

ဆရာတော်သည်၁၂၈၆-ခုနှစ်မှစ၍ အစ်မကြီး ဒေါ်သုစာရီနှင့် စာသင်ဖက်ဖြစ်သူ ဒေါ်ဝိစာရီ တို့၏ ပင့်လျှောက်ချက်ကို လက်ခံ တော်မူကာ ဆောင်းရာသီ လေးလတွင် မင်းကွန်း မိုးကုတ် ချောင်၌ စာဝါများပို့ ချတော်မူလေသည်။ ထိုမင်းကွန်း မိုးကုတ်ချောင်၌ ဆရာတော်ကို အစွဲပြုလျက် ဇရပ်တန်ဆောင်း၊ ဂူကျောင်းပြာသာဒ်၊ ရေတွင်းရေကန် များ တစ်နေ့တစ်ခြား စည်ကား လာလေတော့သည်။ 

၁၄။လယ်တီဆရာတော် ကြီး၏ ပလ္လင်ပေါ်သို့ မိုးကုတ် ဆရာတော် ရောက်ရှိခြင်း 

အချိန်ကားအောက်ပြည်အောက်ရွာ ဒေသများတွင် အဘိဓမ္မာ တရားပွဲကြီးများ အလွန် ခေတ်စား လာသော အချိန်အခါ ဖြစ်လေသည်။ လယ်တီ ဆရာတော်နှင့်တကွ တပည့်ကြီးများ ဖြစ်ကြသော လယ်တီ ဦးပဒုမ သေက္ခုတောင် ဦးတိလောက စသော နိုင်ငံကျော် ဓမ္မကထိက မထေရ် ကြီးများ၊ တစ်ပါးဆင်း တစ်ပါးတက်ဖြင့် ဟောကြား တော်မူလေ့ရှိကြသည်။ 

၁၂၉၁-ခုနှစ်တွင်မူ၊ ညောင်လေးပင်မြို့ ပြည်လုံးချမ်းသာဘုရား၌ နှစ်စဉ် ကျင်းပမြဲ အဘိဓမ္မာ တရားပွဲ အတွက် စစ်ကိုင်းတောင်ရိုး ဇမ္ဗုပတိချောင် လယ်တီ ဦးပဒုမ ဆရာတော်အား လာရောက် ပင့်ကြရာ ဆရာတော် ဦးပဒုမကငါ့မှာ သွက်ချာပါဒ ဖြစ်နေပြီ၊ ငါ တရားမဟော နိုင်တော့ဘူး၊ဒါပေမယ့် မင်းတို့ အဘိဓမ္မာ တရားပွဲနှင့် ထိုက်တန်တဲ့ ကိုယ်တော်လေး တစ်ပါးတော့ ငါ တွေ့ထားတယ်၊ ဝါကတော့၁၀-ဝါလောက်ပဲ ရှိသေးတယ်ဟု ဆိုကာ မိုးကုတ်ဆရာတော်ကိုညွှန်ကြားလိုက် လေတော့သည်။ နောက်နှစ် ၁၂၉၂-ခုနှစ်က စတင်၍ နှစ်စဉ်တပေါင်း လဆန်း -ရက် နေ့တိုင်းညောင်လေးပင် တရားပွဲကြီးသို့ ကြွရောက် ချီးမြှောက်တော် မူရလေသည်။ 

ညောင်လေးပင်တရားပွဲတွင်
ဘုန်းကြီးက စာပေကိုသာ ပို့ချနေတာပါ၊ ယခုလို မဏ္ဍပ် ကြီးတွေ ထိုးပြီး မဟောဖူးသေးပါဘူးဟု ခပ်ရို့ရို့ဖြင့် စတင် ပွဲထွက်လာခဲ့သော် လည်းမိုးကုတ် ဆရာတော်၏ အဘိဓမ္မာပန်းဝတ်ရည်ကို ညောင်လေး ပင် ဒါယကာ ဒါယိကာမများ နှင့်တကွ တရားနာ ပရိသတ် အားလုံး တို့သည် စွဲမှတ်၍ သာ နေကြလေတော့၏။ 

မူလပဏ္ဏာသမဟာဂေါသိင်္ဂသုတ်၌ အဘိဓမ္မာကို ဆွေးနွေးဟော ကြားနိုင်သော ရဟန်း သည်သာလျှင် အင်ကြင်းတောပမာ သာသနာတော် အား တင့်တယ်စေနိုင်သူ ဖြစ်သည်ဟု အရှင်မောဂ္ဂလာန် ကိုယ်တော်ကြီး က သူ၏ထင်မြင်ချက်ကို ဟောပြတော်မူဖူး၏။ 

အဋ္ဌကထာဆရာကလည်း အဘိဓမ္မာသဘာဝကို ဟောပြနိုင်သော ဓမ္မကထိကသာလျှင် သာသနာ့ ကျက်သရေဆောင် ဓမ္မကထိက အစစ် ဖြစ် ကြောင်းကို ဖွင့်ဆိုတော်မူလေသည်။ 

ရှေးအခါကအဆိုပါညောင်လေးပင်မြို့တရားပွဲကား နှစ်စဉ် နှစ်တိုင်း ဇာတ်ရုပ်သေးများဖြင့် ကျင်းပလေ့ရှိကြရာ လယ်တီဆရာတော် ဘုရားကြီးက .. 

တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ မလုပ်ကြပါနဲ့ကွာဟု မိန့်ဆိုတော်မူရာမှ ပေါ်ပေါက် လာခဲ့သောအဘိဓမ္မာ တရားပွဲကြီး ဖြစ်လေသည်။ စင်စစ် ထိုပလ္လင်သည်ကား လယ်တီ ဆရာတော် ဘုရားကြီး တစ်ခုတည်းသော ဓမ္မာသနတရား ပလ္လင်တော်ပင် ဖြစ်လေသည်။ 

အစားထိုး၍မရလောက်တော့ဘူးဟု ထင်မှတ်နေကြရာမှ မိုးကုတ် ဆရာတော်သည် လယ်တီဆရာတော်ကြီး၏ အဘိဓမ္မာ အမွေအနှစ် ပဋိပတ် အမွေကို ဆက်လက် လွှဲပြောင်း ယူလိုက်ကာ နိုင်ငံကျော်ဓမ္မ ကထိကအဖြစ်သို့ တစ်ဟုန်ထိုး အရှိန်မြှင့်ကာ ရောက်လာခဲ့ပေသည်။ 

ထိုအချိန်မှစ၍ဝနပ္ပဂုမ္ဗေ သုံးထွေပိဋကတ် ငါးရပ်နိကာယ် ရောင်စုံ ခြယ်သော အသွယ်သွယ် အဖုံဖုံ ပန်းရဂုံမှ ထုံနံ့သင်းကြည်ပန်းဝတ်ရည်တို့ကို ကိုယ်တော်တိုင် ဝအီအောင် သောက်စို့ပြီး ကာမှ ဝေနေယျ များစွာ တို့အတွက် အဘိဓမ္မာ ပျားလဘို့ရည်တို့ကို သောက်စို့ မကုန်ခင် တည်ခင်း၍ ကျွေးတော်မူလသတည်း။ 

၁၅။မိုးကုတ်ဆရာတော်၏ဉာဏဒဿန ဝိသုဒ္ဓိ 

၁၂၉၄ခုနှစ်မှ စတင်ကာ ဆရာတော်သည် မိုးကုတ်မြို့မှ ကျောင်း ဒါယကာကြီး ဦးလယ် + ဇနီး ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက် အရ နှစ်စဉ်ပင် ကြွရောက်တော်မူကာတရား ဟောတော် မူရသည်။ တရားနာ ပရိသတ်များ တစ်နေ့တစ်ခြား များပြားကာ ပန်ချာပီ, ဂူဂျာရတိ စသော လူမျိုးခြားများပင် ဝိပဿနာ စခန်းသို့ ဝင်ရောက်လာကြလေသည်။ 

၁၃၁၆-ခုနှစ်တွင် ဆရာတော်အား ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ် ဖုံတို့က မိုးကုတ်မြို့တွင်မင်္ဂလာတိုက်ဟု ကမ္ပည်း ထိုးကာတိုက်ကျောင်း ဆောက်လုပ် လှူဒါန်းတော်မူ၏။ 

(၁၃၀၃-ခုနှစ်မှစ၍ ဒုတိယကမ္ဘာစစ်ကြီး အတွင်း မိုးကုတ်မြို့၌ သီတင်းသုံး နေထိုင်တော် မူလေသည်) 

ဆရာတော်သည်မည်သည့်မြို့၌ပင် သီတင်းသုံးသုံး နေ့စဉ်အချိန် ဇယားကို အတိအကျ ရေးဆွဲ နေထိုင်လေ့ရှိ၏။ ဘုရားဝတ်ပြုချိန်၊ တရား ဘာဝနာ ပွားများချိန်၊ တရားဟောချိန်၊ စာချချိန်၊ လမ်းလျှောက်ချိန်၊ ဆွမ်း ဘုဉ်းပေးချိန်များကို အတိအကျပင် ပြုလုပ်တော် မူသည်မှာ အလွန် ထူးခြား တော်မူလှသည်။ 

ဒုတိယကမ္ဘာစစ်ကြီး အတွင်းက မိုးကုတ်မြို့ သုဿာန်ကျောင်း၌ ခေတ္တမျှ သီတင်း သုံးတော် မူကာ စစ်ဘေး စစ်ဒဏ်မှ ပို၍ စိတ်ချရန် မိုး ကုတ်မြို့နှင့် ၄မိုင်ခန့် ဝေးသော ဘော်ဘတန့် ရွာသို့ ကြွရောက် သီတင်း သုံးရပြန်လေသည်။ 

ဘော်ဘတန့်ရွာသည်ပေ ၄၀၀၀ ကျော်မြင့်သော တောင်ပေါ် ရွာကလေး ဖြစ်သည်။ သဘာဝ အလျှောက် ဖြစ်နေသော ကျောက်လိုဏ်ဂူ များရှိလေရာ ဆရာတော်အတွက် အခွင့် ကောင်းကြီး တစ်ခု ဖြစ်နေ တော့၏။ 

ဒေါ်ဒေါ်အုံ၊ဒေါ်ဒေါ်ဖုံ စသော ဆွမ်းဒါယိကာမများကလည်း တရားနာရင်း တရားထိုင်ရင်း ဝတ်ပြုရင်း ထိုရွာကလေးသို့ ပြောင်းရွှေ့ လာကြပြန်ရာ၊ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့် ဆိုသကဲ့သို့ ဖြစ်သွား တော့၏။ 

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက သေကြ ကြေကြ ငတ်ကြ လုကြ စားရမယ့် သောက်ရမယ့် ဝတ်ရမယ့် ဝိပတ္တိကာလ ဆိုးကြီးကား ဆရာတော်အတွက် သမ္ပတ္တိ ဆိုက်လျက်ရှိတော့သည်။

အချိန်အခါနှင့်ဘဝတန်ဖိုးကို သိကြသူတို့အတွက် ခေတ်ကြီးသည် အမြဲတမ်း ကောင်းနေ တော့၏။ ကံပေးသမျှ မိမိတို့ နေထိုင်ရသော ဌာန သည်လည်း နိဗ္ဗာန်ဆိပ်ဦးပင် ဖြစ်တော့၏။ 

ဘော်ဘတန့်ရွာရှိသယံဇာတကျောက်ဂူကြီး သည်လည်း ဆရာ တော်၏ နိဗ္ဗာန်ဆိပ်ဦး တရားထူး ရရာဌာနကြီး တစ်ခု ဖြစ်ခဲ့ရလေသည်။ 

စာချရမှု၊ဟောပြောရမှု၊ သံဃာအုပ်ချုပ်ရမှု စသော ပလိဗောဓ အနှောင်အဖွဲ့တို့ကြောင့် ဝိပဿနာလုပ်ငန်းအလုပ် မတွင်ခဲ့သော ဆရာ တော်အား ဒုတိယ ကမ္ဘာစစ်ကြီးသည် ဓားထမ်း၍ စောင့်ပေးနေသကဲ့သို့ ရှိတော့၏။ 

ဒုတိယကမ္ဘာစစ်ကြီးသာအကယ်၍မဖြစ်ခဲ့သော် ဆရာတော်၏ ရဟန်းကိစ္စသည် ထိုမျှ စောစီးစွာ ပြီးကောင်းမှ ပြီးတန်ရာ၏။ 

၁၆။ဆရာတော်၏ ထူးဆန်းသော အိပ်မက် 

ဒုတိယကမ္ဘာစစ်ကြီးပြီးစအချိန် တစ်ခုသောညတွင် ဆရာတော် သည် အိမ်မက်တစ်ခုကို မက်လေသည်။ 

သီဟိုဠ်ကျွန်းသို့ကောင်းကင်မှပျံကြွကာ မဟာစေတီကြီးကို ဖူး မြော်ကန်တော့၍ စေတီတော်ကြီးကို ပြုပြင်သန့်ရှင်းလျက် သာသနာ ပြုရသည်ဟု မြင်မက်တော်မူလေသည်။ 

များမကြာမှီမှာပင်သီဟိုဠ်ကျွန်း မဟာစေတီ ဂေါပကအဖွဲ့မှ ဆရာတော်ထံသို့ တောင်းပန် လျှောက်ထားသော စာတစ်စောင် ရောက် ရှိလာ၏။ ထိုစာ၏ အဓိပ္ပါယ်မှာကား ချမ်းသာ ကြွယ်ဝ သော အရှင်ဘုရား ဒါယကာများအား ဟောပြောကာစိန်ဖူးတော် ကပ်လှူရန် အကြောင်း ပင် ဖြစ်လေသည်။ အဖိုး အနဂ္ဃ ထိုက်တန်သော စိန်ဖူးတော်ကြီးကို ကျောက်မျက် ရတနာများ စီခြယ်ကာ တင်လှူနိုင်ခဲ့၏။ 

၁၃၀၇-ခုနှစ်တွင် ညောင်လေးပင်၊ အမရပူရ၊ မန္တလေးနှင့် အထူး သဖြင့် မိုးကုတ်က တပည့် ဒါယကာ၊ ဒါယိကာမများကို နှိုးဆော်ကာ ရန်ကုန်မြို့၊ ဗိုလ်တထောင် စေတီတော်၌လည်း ရတနာ စိန်ဖူးတော်ကို တင်လှူတော် မူခဲ့လေသည်။ ထိုအချိန်မှ စ၍ ဆရာတော်၏ အိပ်မက်အတိုင်း အထွဋ် အထိပ်သို့ ဆိုက်ရောက်တော် မူကာ သာသနာ ပြုနိုင်သော အရည်အချင်းများ လုံးဝဥသုံ ပြီးပြည့်စုံ သွားလေတော့သည်။ 

၁၃၁၄-ခုနှစ်တွင် အမရပူရသို့ ပြန်ကြွတော်မူကာ သံဃာမွေးပြု စာချမှုများကို ရပ်ဆိုင်း တော်မူ၍ တရားဟောမှုကိုသာ ဦးစားပေးလျက် ပဋိပတ္တိ သာသနာကို ပြုတော်မူလေသည်။ 

မင်္ဂလာမဂ္ဂင်ရိပ်သာဟုပင် ကမ္ပည်းတပ်ကာ တရားဌာနကြီး တစ်ခု ဖွင့်တော်မူ၏။ ယောဂီများ အတွက် နေရာ ကျောင်းကန် ဇရပ်များလည်း သူ့ထက်ငါ အပြိုင်အဆိုင် ဆောက်လုပ် လှူဒါန်းကြလေသည်။ 

ဆရာတော်၏တရားပွဲတိုင်းတွင် ကားကြီး ကားငယ်တို့ဖြင့် တရားနာ ပရိသတ် ကြိတ်ကြိတ် တိုးကာ ဘုရားပွဲတော်ကြီး တမျှ စည်ကား နေလေတော့၏။ 

၁၇။အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကိုအလှူခံရရှိတော်မူခြင်း 

၁၃၂၄-ခုနှစ်၊ ဝါဆိုလဆန်း ၇ရက် (--၆၂)နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော် တော်လှန်ရေး အစိုးရ သာသနာရေး ဦးစီး ဌာနမှ လှူဒါန်း ဆက်ကပ်သည့် (၁၉၆၂) ခုနှစ် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံတော်မူသည်။ 

ရန်ကုန်မြို့သို့ကြွရောက်ရာ၌ လမ်းခရီးတွင် ညောင်လေးပင်မြို့မှ ဒါယကာ ဒါယိကာမ များလည်း လိုက်ပါလျက် ရှိရာ ရှေးယခင်နှစ်များ ကဲ့သို့ပင် တရားဟော ကြွရောက် တော်မူပါရန် လျှောက်ထားကြသော အခါ… 

အေး..
ငါ့ရဲ့ ရုပ်နာမ် မပြိုကွဲသေးလို့ အကြောင်း ညီညွတ်လျှင် ချီးမြှင့်ရမှာပေါ့။ အမြန်ဆုံး တရားပေါက်အောင် အားထုတ်ကြ၊ ခန္ဓာကိုယ် ကြီးကဖြင့် သေဘက်ကို ဒုန်းစိုင်း နေပြီဟု ဆုံးမ တော်မူ၏။ 

ရန်ကုန်မြို့သို့ရောက်ရှိခိုက် တရားများကိုလည်း ယခင်က ကဲ့သို့ပင် ဟောပြော ချီးမြှောက် တော် မူလေသည်။ 

တစ်နေ့သောအခါမြန်အောင် ဦးတင်၊ ဟင်္သာတ ဦးမြတို့နှင့် လမ်းလျှောက် ကြွတော်မူရာ ဟင်္သာတ ဦးမြအားဝေဒနာကျော်အောင်လုပ်ထား၊ အသေက ဦးသွားလိမ့်မယ်နော်၊ လိုရင်းကို ပြောနေတယ်ဟု သတိပေး တော်မူ၏။ 

ထိုနှစ်အမရပူရမြို့ ပုထိုးတော်ကြီး အနီး စြင်္ကံ လျှောက်သွားရင်း နောက်က အတူ ပါလာသော ဦးစောမောင်အားငါရန်ကုန်က ပြန်လာ တာ တစ်လပဲ ရှိသေးတယ်၊ဟင်္သာတဦးမြ တစ်ယောက်တော့ သေပြီဟုမိန့်တော်မူ၏။ 

ဦးမြကား
တပည့်တော်လို ပန်းနာသမားက သေခဲပါတယ်ဟုပင် လျှောက်ထား လိုက်သေး၏။ (သူတော်ကောင်း ပုဂ္ဂိုလ်ကြီးတို့၏ မနော အဇ္ဈာသယကား သိဖို့ရန် ခက်ခဲလှသည်။ အနီးကပ် နေသော်လည်း သိချင် မှသိကြသည်။ ဗြောင်ဖွင့်၍ ပြောသော်လည်း မရိပ်စားမိကြ။

မောင်စောမောင်၊သူတော်ကောင်းများ ပြောတဲ့ စကားကို လေးလေးနက်နက် မှတ်နော်၊ အကြောင်းမဲ့ မပြောဘူး။ 

ရန်ကုန်ကဒါယကာ ဒါယိကာမတွေ ငါ့ဆီအရောက် နောက် ကျသကွာဟု လမ်းလျှောက်ရင်း အမိန့်ရှိရာ … 

ဦးစောမောင်က
အရှင်ဘုရား ရှေ့နှစ်ရန်ကုန်ကြွဦးမှာလား
ဟုလျှောက်ထားသောအခါ … 

ဒါကတော့ငါ့ခန္ဓာကိုယ်က ပြောပါလိမ့်မယ်ကွာဟု မိန့်တော် မူ၏။ 

ထိုနှစ်တော်သလင်း လဆန်းပိုင်းတွင် (ညီ) ဝမ်းကွဲ တော်စပ်သူ (ဦးဘတုတ်) အား ရိပ်သာ အတွင်း ဈေးထောင့်လမ်းမှာ အနည်းငယ် ပျက်ယွင်း နေသဖြင့်မောင်ဘတုတ် ဒီလမ်းကို ကောင်းကောင်း မွန်မွန် ပြင်ထားတာ မြင်သွားချင်တယ်၊ မြန်မြန် ဂရုစိုက်ပြင်စမ်းဟု ဆရာတော် သည်စကားအဆန်းများကို မိန့်တော်မူလေသည်။ 

ညတစ်ညတွင်တပည့် ယောက်အား ဝတ်ဖြည့်ခံတော်မူစဉ်
– “မောင်လှဘူး၊ ငါ့အခန်း ထဲမှာ မြွေတစ်ကောင် ရှိတယ်၊ မင်းဖမ်းပြီး ဘေးကင်းရာသို့ သွားလွှတ်ချေဟု မိန့်တော်မူသည်။ 

အခန်းတံခါးကိုလှည့်ပတ်ရှာဖွားရာ မတွေ့ဘဲရှိနေ၍ ဆရာတော် ကဒီမြွေမှ မင်းမမြင်ဘူးလားကွ၊ အဲဒီ လက်ကိုင်ကွင်းမှာဟုထပ်မံ၍ မိန့်တော်မူပြန်သည်။ 

ဝတ်ဖြည့်နေသူတပည့် ၅ဦးတို့ ဘယ်သူ တစ်ဦးတစ်ယောက်ကမျှ မြွေကို မမြင်တွေ့ မိကြချေ။ 

ဦးလှဘူးသည်လက်ကိုင်ကွင်းကို သွားရောက် ကြည့်ရှုသော အခါ မြွေမှာ မာန်ဖီ နေသည်ကို တွေ့မြင် ရလေသည်။ 

မြွေတစ်ကောင်လုံးရဲရဲနီနေ၍ ဆေးဝါးကုသရာ၌ အဆိပ်ကိုပင် နိုင်လှသော ဦးလှဘူး သည်ပင် ထိတ်လန့် သွားတော့၏။ 

အလွန်ရှားပါး၍အဆိပ်ပြင်းထန်သော အရပ်အခေါ် (မြွေပါး) မျိုးဖြစ်သည်။ ဦးလှဘူးလည်း အိုးတစ်လုံးတွင် ထည့်ကာ လွှတ်လိုက်ရ လေသည်။ 

နောက်မှစဉ်းစားမိသည်ကား အထက်ပါမြွေသည် အလွန်ပြောင် ချောနေသော အခန်းတံခါးကို ဘယ်လိုများ တက်ရောက် နေနိုင်ပါသလဲ။ 

(မာရ်နတ်၏ကိုယ်စားလှယ် နဂါးမင်း လာရောက်၍ ပင့်လျှောက် နေခြင်းပင်ဖြစ်ပါလိမ့်မည်။ စင်စစ် ထိုမြွေသည် နဂါးပင်တည်း။

တော်သလင်းလကုန်လောက်တွင် ကျောင်းဒါယကာ ဦးကျော်သိန်း အား… 

‘‘မောင်ကျော်သိန်း မင်းလဲ ဒီကို လာနေဦး၊ အခြား အရောင်းအဝယ် တွေ ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး ကဲလာ မောင်ကျော်သိန်း၊ ဒီရိပ်သာ အတွင်းကအဆောက်အအုံတွေ လျှောက်ကြည့် ရအောင်ဟု ခေါ်သွားကာ လျှောက်ကြည့်တော်မူရင်း
ဒီအဆောက်အအုံတွေ အမြန် ပြီးအောင်လုပ်၊ ငါကြည့်သွား ချင်တယ်ဓမ္မာရုံ အပေါ်ထပ်သို့ ပြန်ရောက်သည့် အခါတွင်လည်းဒီ အဆောက် အအုံတွေပြီးစီးပြီး နေသားတကျ ရှိနေတာကို ငါကြည့်သွားချင်တယ်ဟု ပန်းရန်ဆရာ ဦးလှနှင့်ဦးကျော်သိန်း တို့အား မိန့်တော်မူ၏။ ဆရာတော်ကား ကျန်းမာ ဝဖြိုးလျက်ပင် ရှိသည်။ ရန်ကုန်ကြွမည်ဟု ထင်ကြ၏။ 

၁၈။သီတင်းကျွတ်လပြည့်နေ့ 

သီတင်းကျွတ်လပြည့်နေ့ တရားဟောတော်မူရာသီတင်းကျွတ် ပြီဆိုတာ သေခါနီး သွားတာပဲလို့ မှတ်ပါဟု ဆုံးမတော်မူ၏။သစ္စာသိတဲ့ပုဂ္ဂိုလ်တွေ ဆွမ်းသွတ် တရား လိုသေးသလား၊ ကိုယ့်ကိုယ်ကို သိအောင်လုပ်ပါ၊ သိလို့ရှိရင် အိမ်ကိုမှာခဲ့၊ ငါသေရင် ဆွမ်းမသွတ်နဲ့ ဟေ့လို့၊ သေမှ အရှက်ကွဲမခံနှင့်စသည်ဖြင့်သပိတ်သွတ်လွတ် တရား လို့မှတ်ဟု ဆိုကာ သေခြင်းဘေးကြီးကို ညွှန်ပြတော်မူ၏။ 

ထို့နောက်
ဒကာဒကာမတွေ ဒီကျောင်းပေါ်မှာ အလောင်းကောင် အသုဘကြီး တင်ထားရင် ဘာတွေထွက်လာမလဲဟု လပြည့်နေ့ တရားကိုဟောကြားတော်မူ၏။ 

၁၉။သီတင်းကျွတ် လပြည့်ကျော် () ရက် 


(၁၂)နာရီ အချိန်တွင် ဆရာတော် အခန်းတွင်းမှ တစ်စုံတစ် ယောက်နှင့် စကား ပြောနေသံကို မသဲမကွဲ ကြားနေရ၏။ အခန်းအပြင် ဘက်တွင် အိပ်နေသော ဦးလှဘူးက နားစွင့်နေခိုက် ဆရာတော်၏ အခန်းတွင်းမှ အလင်းရောင်ကြီးများ ပေါ်ထွက်လာသည်ကို တွေ့ရသဖြင့် ပို၍ အံ့အားသင့်ကာ ရှိနေ၏။ သို့နှင့် ဦးလှဘူးက နောက်ညတွင် ဝတ်ပြု သူအား သတိ ဝီရိယထား၍ စောင့်ကြည့်ကြရန် မှာထား တိုင်ပင်ကြ၏။ 

၂၀။သီတင်းကျွတ် လပြည့်ကျော် (

ရန်ကုန်မှဝန်ကြီးဟောင်းများဖြစ်ကြသောမြန်အောင် ဦးတင်၊ ဦးအောင်ဇံဝေနှင့် ကျားပျံ ဦးသန်းမောင် တို့လည်း ရောက်ရှိလာကြရာ အထူးဦးစားပေး ဟောပြောတော်မူ၏။ 

ဦးတင်ဘာပူစရာရှိသတုန်း၊ ဦးသန်းမောင်လဲ အသက် တော် တော် ကြီးပြီ၊ ဦးတင်လဲ အသက်ကြီးပြီ၊ ဦးအောင်ဇံဝေ ဘုန်းကြီးတို့လဲ ကြီးပြီ၊ နောက်ကို ဒီသာသနာ မရှိတော့ဘူး၊ ကွယ်တော့မယ်၊ ဘယ့်နှယ်ကြောင့် ကွယ်ရသတုံးဘုရားလို့ မေးလို့ရှိရင် ကွယ်ချိန်တန်လို့ ကွယ်တာ ပေါ့၊ ရထားက ထွက်ခါနီးနေပြီ၊ မီရုံကလေးရှိတယ်၊ တက်မိရုံကလေး ရှိတယ်၊ ရထားထွက်လုနီးပြီ ဆိုတာ ရိပ်မိကြပလား၊ ဒီသာသနာမရှိကြ တော့ဘူး၊ ကွယ်တော့မယ်ဟူ၍လည်းကောင်း ဟောတော်မူပြန်သည်။ 


(၁၂)နာရီအချိန်တွင် ဝင်းထိန်သောအလင်းရောင်ကို တွေ့မြင် ရပြန်သည်။ အခန်းတွင်း မှလည်း စကားပြောသံ ကြားရ၍ ဦးလှဘူးက အခန်းတံခါးကို ဖွင့်ကြည့်ရာ ဆရာတော်အား ထိုင်လျက်ပင် ဖူးတွေ့ရ၏။ 

ဦးလှဘူးက
ဆရာတော် ဘယ်သူနှင့် စကားပြောနေတာလဲဘုရားဟု လျှောက်ထား သောအခါ ‘‘လှဘူးရာ၊ မင်းကလဲ သိရက်သားနှင့် ထပ်မေးနေပြန်ပါပြီဟုသာ မိန့်တော် မူလေသည်။ 

ဦးလှဘူးစိတ်ထဲတွင်မတင်မကျ ရှိသော်လည်း နောက်ထပ် မလျှောက်ဝံ့ဘဲ အခန်း အပြင်ဘက်သို့ ထွက်လာခဲ့ရ၏။ ဆရာတော်ကား ခန္ဓာဝန်ချတော့မည်၊ နတ်ဗြဟ္မာတို့ကပင် နှုတ်ခွန်းဆက် တရားနာလာ နေပါပြီကော။ 

၂၁။သီတင်းကျွတ် လပြည့်ကျော် () ရက် 

မိုးကုတ်မြို့မှဦးချစ်လှနှင့် ဇနီးတို့ရောက်ရှိလာကြ၏။ () ရက်နေ့ သားရှင်ပြု၊
() ရက်နေ့ ကထိန် ခင်းရန် ဖြစ်သည်။ ကျောင်းတိုက် ဇရပ်တိုင်းတွင် ဧည့်သည်များ ပြည့်ညပ်လျက်ရှိသည်။ 

ထိုညတွင်လည်းဆရာတော်၏ ကျောင်းပေါ်သို့ မီးလုံးကြီးကျ ဆင်းသွားရာ မကြာမီ ဝင်းခနဲ အရောင်ကြီး ပျံတက်သွားသည်ကို ကထိန် အတွက် ချက်ပြုတ် နေကြသူများ တွေ့မြင်ကြရပြန်၏။ 

ညပိုင်းခပ်စောစောက ဆရာတော်အား ဝတ်ပြုပြီး အချိန်တွင် ဦးတင်ငွေ၊ ဦးကြည်၊ ဦးချစ်စိန်၊ ဦးတင်တို့အားမနက်ဖြန် သီတင်းကျွတ် လဆုတ် () ရက်နေ့ နံနက်
()နာရီ အရောက် အားလုံး လာခဲ့ကြ၊ ဘယ်ကလောက် အရေးကြီးကြီး အကြောင်းရှိတယ်ဟု မိန့်တော် မူ၍ဦးတင်ငွေ အိမ်ရောက်လျှင် ရောက်ခြင်း ဦးစောမောင်ကို ပြောရာ () ရက်နေ့ နံနက်ပိုင်းတွင်ဦးစောမောင်တို့ အိမ်သား အားလုံး ဆရာတော် ထံ ရောက်ရှိလာကြတော့၏။ 

၂၂။သီတင်းကျွတ် လပြည့်ကျော် ()ရက် ဆရာတော်၏ နောက်ဆုံး တစ်နေ့တာ 

ဤနေ့သည်ကားဆရာတော်၏ နောက်ဆုံးနေ့ဖြစ်၏။ သီတင်းကျွတ် လပြည့်ကျော် ()ရက်၊ ဗုဒ္ဓဟူးနေ့။ 

ရှင်ပြုကထိန်ပွဲရှိနေ၍ မင်္ဂလာတိုက်၌ ရဟန်းရှင်လူ အစည်းကား ဆုံးနေ့ဖြစ်သည်။ ဆရာတော်က ယမန်နေ့ကပင် ကြိုတင် ရေစက်ချ ပေးကာ တစ်နာရီခန့် တရားဟောခဲ့ပြီးဖြစ်သည်။ 

နံနက်
()နာရီခန့်တွင် ကျောင်း အစ်မကလေး ဒေါ်တင်လှနှင့် ဒေါ်ကုမ္မာတို့ ကွေကာအုပ် ဖျော်၍ ဆရာတော် ကျောင်းသို့ ဝင်လာကြသည်။ 

ကျောင်းအစ်မဒေါ်တင်လှအားဟဲ့ .. တင်လှ၊ သွားငါ့ အိပ်ရာ ပြင်ထားချေစမ်းဟု အချိန် မဟုတ်မခိုင်းစဖူး ခိုင်း၍ ဒေါ်တင်လှ အံ့အားသင့်နေ၏။ လူတွေကရှုပ် ပင်ပန်းလှသဖြင့် အနားယူချင်၍ဟု သာထင်သည်။ 

တင်လှနင်တို့အသက် အများကြီး ငယ်သေးတယ်၊ လောကဓံ တိုက်ခတ်ဖို့ အများကြီး ရှိသေးတယ်စသည်ဖြင့် သံသရာ ခရီးသည် အကြောင်းနှင့် မှီခို အားထားရာ သစ်ပင်ကြီး အကြောင်း ဟောရင်း ပြော ရင်းဟဲ တင်လှ၊ သစ်ပင်အိုကြီးဟာဘယ်သူနဲ့ တူသလဲဟု မေးလေ သည်။ 

ဒေါ်တင်လှက
မှန်ပါ၊ သစ်ပင်အိုကြီးဟာ ဆရာတော်ဘုရား အမိန့်ရှိဖူးတဲ့ အတိုင်း ဆရာတော် ဘုရားနှင့် တူပါတယ် ဘုရားဟု လျှောက် ထားရ၏။ 

တစ်ဖန်ကိုကျော်သိန်းကိုေ ခါ်၍ကျော်သိန်း လာ ဒီရှေ့တိုးဦး၊ မင်း သေသေချာချာ နားထောင်၊ မင်း ငါမရှိတဲ့နောက် မင်းမှာ လောကဓံ အမျိုးမျိုး အတိုက်ခံရလိမ့်မယ်၊ မနိုင်နိုင်အောင် တရားကိုရှု ပေးထား၊ မင်းမှာ ရှိသမျှပစ္စည်းများကို ဉာဏ်နှင့် စွန့်လွှတ်ထား၊ ပေးစရာ ရှိတဲ့ အကြွေးများလဲ ပေးလိုက် ကြားလား၊ လောကဓံလှိုင်း ပိမယ်ဟု မိန့်တော်မူရာ နားမရှင်းသော်လည်း ဘာမျှ ပြန်လှန်၍ မလျှောက်ထားဝံ့ ကြ။ 

ရုပ်လက္ခဏာနှင့်အသံတော်သည် အရင်က အတိုင်းပင် ရှိ၍ မည် သို့ဟု မထင် တတ်အောင် ရှိနေကြ၏။ 

သို့နှင့်ပြန်လာပြီးလျှင်
(အမြဲဝတ်ပြုနေသူ) ရှေ့မီနောက်မီ ဦးသာဆိုင်အား အကျိုး အကြောင်း ကို ပြောပြရာဆရာတော် ရန်ကုန်ကြွ မလို့ ဖြစ်မှာပေါ့ဟုသာ မှတ်ချက်ချလေသည်။ 

မှန်ပါပေ၏။ဆရာတော်ကား ရန်ကုန်ဌာနသို့ ကြွပေတော့မည်။ ဆရာတော်သည် ကွေကာအုပ် ဘုဉ်းပေးပြီးနောက် သင်္ကန်းလဲကာ ကထိန် ဆွမ်းကျွေးအတွက် ကြွသွား လေသည်။ 

မိုးကုတ်မြို့မှဦးချစ်လှ-ဒေါ်သောင်းတို့က သားရှင်ပြု ကထိန် ဆွမ်းကျွေး အတွက် နံနက် () နာရီမှာစ၍ မင်္ဂလာရာမကျောင်းတိုက် တွင် သံဃာတော် အပါး (၂၀၀) ဆွမ်းကပ်လှူကြ၏။ ဆရာတော်ကား မဘုဉ်းပေး။ ဆရာတော်ကြီးများ အပါးတွင် တရားအာရုံဖြင့် နေထိုင် တော် မူလေသည်။ 

သံဃာတော်များဆွမ်းဘုဉ်းပေး ပြီးလျှင် ဆရာတော် ကိုယ်တိုင် လှူဖွယ် ပစ္စည်းများကို လိုက်၍, လိုက်၍ ဆက်ကပ်ပြီး ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ပြန်ကြွမည်ဖြစ်ရာ ဆရာတော်သည် တိုက်ကျောင်း ပေါ်မှ ဆင်းလျက် တစ်ပါးပြီး တစ်ပါး လိုက်လံ၍ တွဲပို့ ဝတ်ပြုကာ ကားများ အပေါ်သို့ အရောက် ရွှင်လန်း ဝမ်းမြောက်စွာ အခေါက်ခေါက် အခါခါ သွားချည်ပြန်လှည့် နှုတ်ဆက်တော်မူလေသည်။ 

အလှူပွဲကြီးပြီးလျှင်တပည့်ကြီး ဦးလှဘူးအား ခေါ်၍ ရိပ်သာဘက် သို့ ကူးလာ၏။ 

အင်း
ငါ့ခန္ဓာကိုယ်ကြီးကတော့လေးလှပြီဟု မိန့်တော် မူရာဦးလှဘူးက နားမလည်၍မင်းတယ် ,တဲ့ ကောင်ပဲ
ဟုသာ ပြုံး၍ မိန့်တော်မူလေသည်။ 

နောက်ဒေါ်တင်လှအား ကော်ဖီကပ်ရန် အမိန့်ရှိသဖြင့် ဒေါ်တင်လှ ရောက်လာ၏။ ကော်ဖီ ဘုဉ်းပေးပြီးလျှင် – 

တင်လှခုရက်ပိုင်း နင်အိပ်မက်များ ထူးထူးထွေထွေ မမက်ဖူး လားဟု မေးတော်မူ၏။ 

ဒေါ်တင်လှကရိပ်သာထဲမှ စေတီကြီး တစ်ဆူအနီး၌ ဆရာတော် တရားရှုမှတ်နေရာ စေတီကြီးမှာ မီးခိုးများအူ၍ ဖောင်းရစ်မှ တအိအိ ပြိုကျလာရာ ဆရာတော်အပေါ် ပိကျသော်လည်း ဆရာတော်မှာ မည်သို့ မျှ ဖြစ်ကြောင်း လျှောက်ထားလေသည်။ 

ထိုအခါဆရာတော်ကတင်လှရ၊ နှင့်အိပ်မက်က တယ်စင်းပါကလား၊ ပုဗ္ဗနိမိတ် ဆိုတာ ဒီလို ဖြစ်ပေါ်စမြဲပဲ၊ ငါ့လို ခံနိုင်ရည် ရှိအောင် တရားကို နာနာဖိပြီး အားထုတ်ကြဟု အမိန့် ရှိလေသည်။ထို့နောက် ခဏစောင့်ဦးဟု ပြောကာ အခန်းတွင်းသို့ ကြွသွား၏။ ပြီးလျှင် သင်္ကန်း လဲကာ စောစောက ဝတ်ရုံထားသော ဧကသီသင်းပိုင်နှင့် အံသကိုဋ် တစ်ထည်ကို ကိုင်လျက် ထွက်လာ၏။ 

ရော့
ဒီသင်္ကန်းတွေ နင့်ဇရပ်ယူသွားပြီး သိမ်းထား၊ ရေလျှော် မပစ်နှင့်ဟု မိန့်ကာ ပေးတော်မူလိုက်လေသည်။ 

၎င်းနေ့နံနက်ပိုင်း
(၁၁)နာရီခွဲတွင် ကော်ဖီနှင့် ဆွတ်ပြုတ် ဘုဉ်းပေး တော်မူသေး၏။ ဆရာတော် သုံးပါးနှင့်အတူ ဘုဉ်းပေးပုံကို ဓါတ်ပုံ အရိုက် ခံတော်မူသေးသည်။ 

ဆရာတော်ဟောပြောသော စကားများကို နားမ လည်ရှာကြ၊ အံ့အားသင့်စရာတွေချည်း ဖြစ်နေတော့၏။ 

ဆရာဝန်ခေါ်ရန်ဒကာများက လျှောက်ထားကြရာကိစ္စမရှိ ပါဘူး မနေ့က ပန်ကာလေ မိသွားလို့ အခိုးနည်းနည်း ငုပ်တာပါ၊ အဲလေ ဆရာဝန်ပင့်ချင်လဲ တစ်နာရီခွဲမှ ပင့်ကြဟု မိန့်တော်မူ၏။ ရုပ်လက္ခဏာနှင့် အသံတော်ကား ပကတိ အတိုင်းပင်။ 

ခန္ဓာဝန်ကြီးတယ်ပြီးလေးတာပဲ၊ကဲဦးသန်းမောင်၊ ကျုပ်ကို ဝမ်းချူ ပေးစမ်းပါဦးဟုဆိုကာ ကုဋီသို့ ကိုယ်တိုင်ကြွတော်မူသည်။ အတန်ကြာသောအခါ ပရိသတ် အများအပြား ကျောင်းပေါ်သို့ ရောက် လာကြ၏။ 

၁၂-နာရီ ကျော်ကျော် လောက်တွင် ဒေါက်တာ ဆိုနီနှင့် ဆရာဝန်ကြီး စောမြမောင် တို့လည်း ရောက်ရှိလာကြ၏။ 

ကဲ
နောက်ထပ် ဆေးထိုး စရာရှိရင် ထိုးကြ၊ အချိန်မရှိတော့ဘူး၊ မင်းတို့ဆေးလဲ ဘာမျှ မတတ်နိုင် ပါဘူး” 

အချိန်ကားနေ့ တစ်နာရီလေပြီ 

အားငယ်သောမျက်နှာများနှင့် ရဟန်းရှင်လူများ စိုးရိမ်တကြီး ကြည့်ရှုဖူးမြော်နေကြစဉ်ကဲအားလုံး ဦးပဉ္စင်းများရော၊ ဒကာ ဒကာမတွေရော ခန္ဓာရှိသူတိုင်း ခံစားရမယ့် ဝေဒနာကို ကြည့်ထားကြ၊ ဒီခန္ဓာရှိရင် ဒီဝေဒနာကို သတ္တဝါ အပေါင်းတိုင်း ခံစားရမယ်ဟု မိန့်တော် မူပြီးလျှင် 

ခပ်သိမ်းသတ္တဝါ၊ များသူငါကား၊ မရဏမင်း၊ သူ့လက်တွင်းသို့ မယွင်းမှန်စွာ၊ အနိစ္စချည်း၊ ကာလဘယ်ခါ၊ ဘယ်နေ့မှာဟု၊ ချိန်ခါနေ့ရက် ချိန်းအချက်လျှင်၊ သက်သက်ဘယ်မှာ၊ မရှိပါခဲ့၊ မှန်စွာမုချ၊ သေကြရလိမ့်၊ မြင်ကြခုပင်၊ သေပွဲဝင်ခဲ့၊ ယခင်ရှေးခါ၊ ထိုနည်းသာတည်း၊ သတ္တဝါ ထုံးတမ်း၊ စဉ်လာလမ်းမို့၊ ဖြောင့်တန်းသေချာ၊ မလွတ်ပါတည်း – 

ဟူသော
ဓမ္မသံဝေဂရှိခဲ့သော်လည်း … 

အရိယာသခင်အရှင်သူမြတ်တို့သည် ဒီဘဝ, ဒီခန္ဓာ၌ အစွဲအလမ်း ကင်းတော်မူကြ၏။ အကယ်၍ ထိုစွဲလမ်းမှု ဥပါဒါန် ရှိသေးလျှင်သာ နောက်ဘဝ နောက်ခန္ဓာသည် ဇာတိဟူသော ဖြစ်ပေါ်မှု ဥပါဒါန် ဖြစ်ပေါ်ရန် ထင်ရှားပေသည်။ လောင်စာသိမ်း၍ ငြိမ်းလေပြီးသော မီး သည် အဘယ်အရပ်သို့ ရောက်သွားသည်ဟု မဆိုရလေသကဲ့သို့ … 

မိုးကုတ်ဆရာတော်ဘုရားကြီးသည်လည်း ခန္ဓာနှင့် ဥပါဒါန်အကြွင်း အကျန်မရှိတော့ဘဲ 

၁၃၂၄-ခု၊ သီတင်းကျွတ်လပြည့်ကျော် ()ရက်နေ့ နေ့တစ်နာရီမိနစ် (၂၀) အချိန်တွင် (အနုပါဒိသေသ) ခန္ဓာဇာတ်သိမ်း၍ အကြွင်းမဲ့ အေးငြိမ်းတော်မူခြင်းသာ ဖြစ်ပါသတည်း။ 

၂၃။နောက်ဆက်တွဲထူးခြားချက်များ 

(က)
သီတင်းကျွတ်လပြည့်ကျော်
() ရက်နေ့ ()နာရီအချိန်တွင် ဥတုဇ ရုပ်ကလာပ် တော် အတွင်းသို့ ဆေးများ သွင်းရာ ပေါင်ရင်း သွေးကြောမှ ပကတိ အရှင်ကောင်ကဲ့သို့ သွေးစိမ်းများ တရှင် ရှင်ထွက်၍ အပေါ်သို့ လေးလက်မခန့် ထောင်ပန်း နေခြင်းများ။ 

ဆက်လက်၍
()ရက်လုံးလုံး ဆေးများသွင်းရာ သွေးများပန်းထွက် နေပြန်ခြင်း။ 

()
၁၃၂၄-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၀)ရက် နေ့နိဗ္ဗာန်ကျောင်းချကာ၊၁၃၂၄-ခု၊ ပြာသိုလဆန်း ()ရက်နေ့ (၁၂)
နာရီအချိန် နိဗ္ဗာန်ကျောင်းမှ သာဓုကီဠနသဘင်သို့ အလောင်းတော်ကို ပို့ဆောင်ကြသည်။ 

၂၄။တတိယအကြိမ် ပျားစွဲပြန်ခြင်း 

၁၃၂၄-ခုနှစ်၊ ပြာသိုလဆန်း (၁၄) ရက်နေ့ ညနေ () နာရီ အချိန်တွင်ရုပ်ကလာပ် တော်ကို ဗဟိုမဏ္ဍပ်မှ ဦးကျော်သိန်း-ဒေါ်တင်လှ တို့၏ ဧည့်ခံမဏ္ဍပ်သို့ ပင့်ဆောင်လာကြစဉ် လူအုပ်ကြီး အပေါ်မှ ပျားကောင်များ ပျံသန်း လိုက်လာပြီးလျှင် ရုပ်ကလာပ် မရောက်မီ အချိန် ပိုင်းတွင် မဏ္ဍပ်မုတ်ဆိပ်တွင် ပျားစွဲပြန်သည်။ (အလောင်းတော် မကြွလာ မီ -မိနစ်အတွင်းဖြစ်သည်။

မိုးကုတ်ဆရာတော်နှင့်ပျားသည်တတိယအကြိမ်မြောက် အမှတ် အသားကြီး တစ်ခု ဖြစ်လာသည်။ 

ပြာသိုလဆန်း
(၁၅) ရက် (လပြည့်နေ့) ညနေ (၂း၃၀) နာရီ အချိန်တွင် မီးသြင်္ဂိုဟ်မည် ရှိရာ ရုပ်ကလာပ်တော်မှာ ပကတိ ကျိန်းစက် နေသကဲ့သို့ အသားအရေများ ဝါဝင်း ပျော့အိနေပြီး မျက်လုံးတော်မှာ ပကတိအတိုင်း အကြည်ဓာတ် မပျက်ဘဲ တည်ရှိနေလေသည်။ 

၂၅။မီးသြင်္ဂိုဟ်ခြင်း၊ 

လပြည့်နေ့တွင်မီးသြင်္ဂိုဟ်ရာ လူထုပရိသတ်မှာ နှစ်သိန်းနီးပါး ရှိသည်။ ဤကဲ့သို့ ရှိနေ သောကြောင့် ရုပ်ကလာပ်တော်ကို မီးမသဂြိုဟ် ရက်ဘဲ ရှိနေကြရာ၊ သံဃာတော်များ တစ်ထပ်၊ မီးသတ်ရဲဘော်များ တစ်ထပ်၊ ပြည်သူ့ရဲတပ်ဖွဲ့ တစ်ထပ် ဤကဲ့သို့ အထပ်ထပ် ဝန်းရံ၍ မီးသြင်္ဂိုဟ် နံ့သာထင်း များကို ရုတ်တရက် မီးမစွဲဘဲ ရှိနေပြန်၏။ 

ထိုအခြေအနေတွင်သံဃာတော် တစ်ပါးက ဓာတ်ဆီ ပုံးလိုက်ပက် ဖြန်းလိုက် သောအခါ မီးတောက် တက်မလာဘဲ မီးခိုးလုံးများသာ ဝုန်းခနဲ ထွက်လာပြီးနောက် အချိန် အတော်ကြာမှ ဖြုန်းခနဲ မီးထတောက်သဖြင့် သံဃာတော်များ အုတ်ပလ္လင်ပေါ်မှ ဆင်းပြေး ရလေတော့သည်။ 

၂၆။ရုပ်ကလာပ်မှ အပုပ်နံ့မထွက်ခြင်း 

ဆရာတော်၏ရုပ်ကလာပ်တို့ကို မီးသြင်္ဂိုဟ်ရန် စီစဉ်နေသော် လည်း အပုပ်နံ့လုံးဝ မထွက်ဘဲ ရှိနေ၏။ 

‘‘နိက္ကိလေသာနံမတသရီရမ္ပိ ဒုဂ္ဂန္ဓံ ဟောတိ။’’ (သုတ္တနိပါတ်အဋ္ဌကထာ၊ အာမဂန္ဓ နှာ-၃၀၃

နိက္ကိလေသာနံ၊အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်တို့၏။ မတသရီရမ္ပိ၊ ပရိနိဗ္ဗာန် စံပြီးသော အတ္တဘော ကိုယ်သည်လည်း၊ ဒုဂ္ဂန္ဓံ၊ အပုပ်နံ့ သည်။ ဟောတိ၊ မထွက်ပါချေ။ 

ထို့ကြောင့်ရဟန္တာသေလျှင်အပုပ်နံ့မထွက်။ 

၂၇။ဓာတ်တော်များတွေ့ရှိခြင်း၊ 


()နာရီ အချိန်လောက် အပူဓါတ်လျော့ချိန်တွင် အုတ်ပလ္လင်မှ တွေ့ရှိရသမျှသော အရာဝတ္ထု များကို သိမ်းကျုံးကာ အိတ်များနှင့်ထည့် ပြီးလျှင် ဦးအောင်ကျော် ယခု (အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး) တို့မှ ကြီးမှူး၍ ကျောင်းတိုက်သို့ လုံခြုံရေး အတွက် အမြန်ပို့လိုက်ရ၏။ 

နံနက်လင်းသောအခါအထူးကြပ်မတ်ပြီး အစောင့်များချထား သော်လည်း ဓါတ်တော်များ ဖူးတွေ့ရသဖြင့် လူထုကြီးမှာ အလုအယက် တိုးဝှေ့ယူကြရာ အုတ်ပလ္လင်ပါ ပျက်စီး သွားတော့ သည်။ 

ဓါတ်တော်များကျတော့မှပဲ ရဟန္တာမှန်း သိရှိကြတော့၏။ ရဟန္တာ အရှင်မြတ်တို့မှာ ဤမျှ လောက်ပင် သိုသိပ်တော်မူကြပါပေ၏။ (အဓိဂမ အပ္ပိစ္ဆတာဂုဏ်

၂၈။ပြာသိုလပြည့်ကျော်
() ရက်  

ရိပ်သာကျောင်းအတွင်းပို့ထားသော ပစ္စည်းများကို တပည့် ဒါယကာ၊ ဒါယိကာမများနှင့် ရဟန်း သံဃာတော်များ ရှေ့မှောက်တွင် ရှာဖွေ သာအခါ မီးမစွဲဘဲ ကျန်နေသော သူငယ်အိမ် မပျက် မျက်လုံး မတော် အစုံနှင့် ချိတ်ဆက်ဆက် နေသော လက်ဆစ် အရိုးတော်များ၊ ဓာတ်တော်များ၊ သွားတော်များကို ဖူးတွေ့ရလေသည်။ 

ထိုအခါကျတော့မှပင်လွန်ခဲ့သော ()လခန့်က မိန့်ဆိုတော်မူခဲ့သော စကားတော် တရားတော်များကို လည်းကောင်း၊ သီတင်းကျွတ် လပြည့်နေ့က ဟောကြားတော်မူသောငါသေလျှင် သပိတ်မသွတ်နှင့်ဟူသော တရားတော်၏ အဓိပ္ပါယ်ကိုလည်းကောင်း နှလုံးပိုက် မိကြ တော့သည်။ 

ရဟန်းရှင်လူတို့သည်ထိုအခါကျမှပင် အလွန် ကျေးဇူးများမြတ် သော လောကုတ္တရာ ရတနာ မြတ်ကြီး ဖြစ်ကြောင်း အလေးအနက် ယုံကြည်၍ ဝိုင်းအုံ ပူဇော်၍ မပြီး ချီးကျူးတ,သ၍ မကုန် ကျေးဇူးဂုဏ်ကိုအောက်မေ့၍ မဆုံးနိုင်အောင် ရှိကြတော့သည်။ 

ထေရုပ္ပတ္တိအကျဉ်းပြီးပါပြီ။