★ မုဒိတာနဲ့ growth mindset ဆက်စပ်ဖို့ သုတေသနက growth mindset နဲ့ fixed mindset နှစ်မျိုးရှိတယ်တဲ့။ ဉာဏ်ကောင်းတဲ့ လူတောင်မှ fixed mindset ထဲ ဝင်သွားရင် performance ကျသွားတယ်တဲ့။ ဉာဏ်ရည်ဉာဏ်သွေး ကျသွားတယ်လို့ ဆိုလိုတာပါ။
★ နဂိုတည်းက ဉာဏ်ကောင်းတဲ့လူက growth mindset ရှိတယ်ဆိုရင် ပိုကောင်းတယ်။ မကောင်းတဲ့လူလည်း ပိုကောင်းလာတယ်။ အဲဒီတော့ အားလုံးသိတဲ့အတိုင်း growth mindset နဲ့ fixed mindset က belief and focus အဲဒီနှစ်ခုမှာ ကွာတယ်။ သုတေသနတွေ ဘယ်လိုလုပ်ကြတုန်းဆိုတော့ ကလေးတွေကို သူတို့ ဖြေနိုင်တဲ့မေးခွန်း၊ သူတို့အတန်းနဲ့တန်တဲ့မေးခွန်း အဲဒါတွေ ဖြေခိုင်းတယ်။
★ ပြီးရင် နောက် ဒုတိယတကြိမ်ဖြေတဲ့အခါကျတော့ ခက်တဲ့ဟာနဲ့ လွယ်တဲ့ဟာ တွဲထားပြီးတော့ choice ပေးလိုက်တယ်။ ဘယ်သူတွေက ခက်တဲ့မေးခွန်းကို ပိုစိတ်ဝင်စားတုန်း။ ဘယ်သူတွေက လွယ်တဲ့မေးခွန်းကိုပဲ ရွေးတာတုံး။ အဲဒီမှာ ဒီတိုင်းကြည့်ရင်တော့ IQ အတွက်ပဲ။ ဒီတိုင်းကြည့်ရင်တော့ ကျောင်းသား pragmatic ဖြစ်တယ်၊ အမှတ်များအောင် ဆိုပြီးတော့ သူ လွယ်တဲ့မေးခွန်း ရွေးတာပဲ။ ဒီလို နားလည်နိုင်တယ်။
★ ဒါပေမဲ့ long term အနေနဲ့ကျတော့ ခက်တဲ့မေးခွန်းကို ကြောက်တဲ့ကျောင်းသားကျောင်းသူက EQ မှာ ပြဿနာရှိတယ်။ ပိုပြီးတော့ သေချာအောင် ဘယ်လိုလုပ်တုန်းဆို သူတို့ လုံးဝမဖြေနိုင်တဲ့ စာပေါ့၊ သူတို့အဆင့်ထက် အများကြီးမြင့်တဲ့ဟာ။ ဆေးကျောင်းသား ပဉ္စမနှစ်ကျောင်းသားလောက်ကို master ရဲ့အဆင့် မေးခွန်းတွေ ဖြေခိုင်းထားတာ။ သူတို့ ကြည့်လိုက်ကတည်းက ဘာမှန်းမသိဘူး။
★ ဒါပေမဲ့ အဲဒီအထဲမှာ တချို့က စိတ်ဓါတ်ကျတယ်။ တချို့က စိတ်ဓါတ်မကျဘူး။ အဲဒီဟာကို psychologist တွေက စိတ်ဝင်စားတယ်၊ ဘာကြောင့်စိတ်ဓါတ်ကျတုံး။ မကျတဲ့လူက ဘာဖြစ်လို့ မကျတာတုံး။
★ တချို့က မကျရုံတင်မကဘူး ကလေးငယ် ငါးတန်းကလေးတွေဆိုရင် သူတို့မဖြေနိုင်တဲ့မေးခွန်းကို ဒီမေးခွန်းက ခက်လိုက်တာဆိုပြီးတော့ ငါ မတွေ့ဖူးဘူး။ ပိုစိတ်ဝင်စားတယ်။ အချိန်ပိုပေးတယ်။ ပိုစိတ်ဝင်စားတယ်။ ကြိုးစားပြီးတော့ ဖြေကြည့်ရတာကိုပဲ သူတို့မှာ ပီတိဖြစ်နေတယ်၊ အဲဒီကလေးတွေ။
★ အဲဒါတင်မကဘူး သူ ထွက်ပေါက် မရမချင်း လိုက်ပြီးတော့ ရှာနေတာ။ ဘယ်လိုရှာတုန်းဆိုတော့ နောက်ဆုံးစာသင်ခန်းထဲမှာ ရှာမရတဲ့အခါကျတော့ ဒီမေးခွန်း ဘယ်ကနေ ယူလာလဲ မသိဘူး၊ စာဖြေပြီးရင်တော့ ဆရာမကြီးကို မေးကြည့်အုန်းမယ်။ ပြီးရင် အဲဒီစာအုပ်ကို မာမီ ဝယ်ခိုင်းပြီးတော့ အိမ်မှာ ငါ လေ့ကျင့်အုန်းမယ်။
★ စိတ်ဓါတ်မကျရုံတင် မကဘူး၊ ဒီကလေးက ဒီပြဿနာ ရအောင်ဖြေရှင်းမယ်ဆိုတဲ့အထိ သူက တွေးထားတယ်။ တချို့ကျတော့ အဲဒီလို မဟုတ်ဘူး၊ မေးခွန်းတစ်ခေါက်ဖတ်ပြီးတော့ နားမလည်တဲ့အခါကျတော့ ချထားလိုက်တယ်။ ထွက်ပေါက် လုံးဝမရှာတော့ဘူး။
★ အဲဒီနေရာမှာ သုတေသနလုပ်တဲ့ ပညာရှင်တွေက IQ သိချင်လို့ မဟုတ်ဘူး၊ EQ သိချင်လို့။ under pressure how you going to response. အဲဒီဟာ EQ နဲ့ သက်ဆိုင်တယ်တဲ့။ အဲဒီဟာတွေ အကုန်လုံး test လုပ်ပြီးတဲ့ နောက်ပိုင်းမှာကျတော့ သူတို့ရဲ့ပုံမှန်စာ ပြန်ပြီးတော့ ဖြေခိုင်းတယ်။
★ EQ မြင့်တဲ့လူက ရာခိုင်နှုန်း ၃၀ performance ပိုကောင်းတယ်တဲ့။ ဉာဏ်ရည်ဉာဏ်သွေး တူတာတောင်မှ EQ နိမ့်တဲ့လူက ရာခိုင်နှုန်း ၂၀ ကျသွားတယ်။ အဲဒီဟာလေး video လေး ကြည့်ရအောင်။
Carol Dweck - A Study on Praise and Mindsets
https://youtu.be/NWv1VdDeoRY?si=fLIQnXmj2AmcHuxT
★ ဒီထဲမှာ ဆရာတွေက ချီးမွမ်းလိုက်တာ မုဒိတာလုပ်တာ။ မုဒိတာလုပ်တာတောင်မှ မှားတတ်တယ် ဆိုတဲ့အကြောင်း။ မုဒိတာ မလုပ်ဘဲနဲ့ နင်က ညံ့လိုက်တာ၊ ဒါလေးတောင် မရဘူးလား ပြောရင်တော့ ကျောင်းသား negative reinforcement ကြောင့် စိတ်ဓါတ်ကျသွားနိုင်တယ်။
★ ချီးမွမ်းပြီးတော့ ပြောတာတောင်မှတဲ့ နှစ်ခု မတူဘူးတဲ့။ တစ်ခုက ဉာဏ်ကောင်းတယ်ဆိုတာကို ချီးမွမ်းတယ်။ နောက်တစ်ခုကတော့ ကြိုးစားတယ်ဆိုတာကို ချီးမွမ်းတယ်။ ဉာဏ်ကောင်းတယ် ချီးမွမ်းခံရတဲ့ ကလေးက လွယ်တာပဲ ရွေးတော့တယ်။
★ ဉာဏ်မကောင်းဘူးဆိုတဲ့ဟာကို သူက အမြင်မခံနိုင်တော့ဘူး။ self-image တည်ဆောက်ထားတာ။ အမှတ်နည်းသွားရင် ဉာဏ်မကောင်းတော့ဘူးလို့ ထင်ခံရမှာကြောက်လို့။ It is not about growth anymore. တိုးတက်ဖို့ မဟုတ်တော့ဘူး၊ ဒီပညာရပ်ပိုပြီတော့ ကျွမ်းကျင်ဖို့ဆိုတဲ့ဟာ မဟုတ်တော့ဘူး။ အမှတ်များဖို့ဆိုတာ ဖြစ်သွားတယ်၊ self-image ဖြစ်သွားတယ်။
★ အစကတည်းက သားတို့သမီးတို့ ဒီဟာလေး လုပ်နိုင်တာ ဖြေနိုင်တာ ကြိုးစားခဲ့လို့ ဆိုပြီးတော့ ကြိုးစားမှုကို မုဒိတာလုပ်ပေးခံရတဲ့ ကလေးတွေကျတော့တဲ့ ၁၀၀ မှာ ၉၂ ယောက် ခက်ခဲတဲ့ option ကိုရွေးတယ်။ မကြောက်ဘူး။
★ ဆိုလိုတာက မိဘတွေအနေနဲ့ရော ဆရာတွေအနေနဲ့ရော အချင်းချင်း အနေနဲ့ရော ပတ်ဝန်းကျင်ကနေပြီးတော့ ကိုယ့်ကိုပြောတဲ့ဟာ၊ ကိုယ်ကနေ သူများကို ပြောတဲ့ဟာ growth mindset ထဲလည်း ရောက်သွားနိုင်တယ်၊ fixed mindset ထဲလည်း ရောက်သွားနိုင်တယ်။
★ ကလေးကတော့ မွေးကတည်းက growth နဲ့ fixed နဲ့ တစ်ခုမှ မပါဘူးပေါ့။ အဲဒါ growth mindset ရှိတဲ့လူက သူက learning instrument ရှိတယ်ဆိုတော့ ရှိတဲ့ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ သူက တော်တယ်တဲ့။ မကြောက်တတ်ဘူး၊ တွေးတတ်တယ်ပေါ့။
★ ဘုန်းဘုန်းတို့ တစ်ယောက်ချင်းအနေနဲ့ growth mindset ရှိရုံနဲ့ မလုံလောက်ဘူး၊ institution အနေနဲ့လည်း ရှိဖို့လိုအပ်တယ်။ တစ်တိုင်းတစ်ပြည်လုံးအနေနဲ့လည်း ရှိဖို့လိုအပ်တယ်။ သူများနိုင်ငံနဲ့ ကိုယ့်နိုင်ငံ နှိုင်းယှဥ်တဲ့အခါမှာ တို့ကတော့ ဒါမျိုး မလုပ်နိုင်ပါဘူးလို့ တထစ်ချပြောလိုက်ရင် ကိုယ်က fixed mindset ထဲ ရောက်သွားတယ်။
★ fixed mindset နဲ့ growth mindset သူတို့ပြောတဲ့ဟာလေး စိတ်ဝင်စားစရာကောင်းတာက ကလေးတွေ မလုပ်နိုင်သေးတဲ့အရာကို ကိုယ်က သူမလုပ်နိုင်ဘူးလို့ ကိုယ်မြင်ရင် fixed mindset ထဲ ဝင်ဝယ်တဲ့။ သူ မလုပ်နိုင်သေးဘူးလို့မြင်ရင်တော့ growth mindset ထဲမှာ။
★ နည်းနည်းပဲကွာတယ်။ ကိုယ်နားမလည်တဲ့ဟာကို I don’t understand it. လို့ပြောရင် fixed mindset ထဲ ဝင်နိုင်တယ်တဲ့။ I don’t understand it yet. အဲဒီလိုမြင်ရင်တော့ growth mindset ထဲ ဝင်သွားတယ်တဲ့။
★ I don’t understand yet ဆိုတော့ သူက You don’t give up yet. You still have hope. You still have the determination and intention to try it again. အဲဒါကို growth mindset လို့ပြောတယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။
