အာရုံသိ ခန္ဓာငါးပါးသည် ဘဝတစ်ခုလုံးရဲ့ ဖွားသေ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
10/21/2026
အာရုံသိ ခန္ဓာငါးပါးသည် ဘဝတစ်ခုလုံးရဲ့ ဖွားသေ

သူသည် ဘဝတစ်ခုလုံးပဲဆိုတာကို နားလည်ရမယ်။ အာရုံမသိရင် အိပ်ပျော်နေတဲ့အချိန်ကို ဘုရားက ဘဝမြုံတယ်လို့ အမိန့်ရှိတယ်။ အိပ်ပျော်ချိန်မသိဘူး ဘဝမြုံတယ်တဲ့။ သေခါစ ခန္ဓာကိုယ်လုံးကြီးရှိတယ်။ စဉ်းစားပါ။ အာရုံတွေ သိပါ့မလား။ (မသိပါဘူးဘုရား...)။ သူကို ရွှေတွေဆင်ထားတယ်။ ဝတ်ကောင်းစားလှတွေ ဝတ်ပေးထားမယ်။ ကောင်းကောင်းမွန်မွန် ထားတယ်ဆိုရင် သိပါ့မလား၊ (မသိပါဘူးဘုရား..)။ ဒါဖြင့် အဲဒီပုဂ္ဂိုလ်ကို ဘဝရှိတယ် ပြောမလား၊ မရှိဘူးပြောမလား၊ (မရှိပါဘူးဘုရား...)။ 

ဘာကြောင့်လဲဆိုတော့ သူ့မှာ အာရုံသိ မလာတော့လို့ ဒီခန္ဓာ မရှိတော့ဘူး။ ဒါမရှိရင် ကိုယ်လုံးကြီးရှိသော်လည်း ဘဝမရှိဘူး။ ကိုယ်လုံးကြီးကတော့ မသာဖြစ်ခါစ ဒီအတိုင်းပဲ။ အိပ်ပျော်လည်း ဒီအတိုင်းပဲ၊ သဘောပေါက်ရဲ့လား။ သူ့ကို ဘဝမယူဘူးနော်၊ ဒီအာရုံသိကိုသာ ဘဝယူရမှာနော်။ ပြန်ပြောမယ်။ နည်းနည်းတော့ စဉ်းစားရမယ်။ ဘုရား တရားတော်က အလွန်နက်ရှိုင်းတယ်။ 

ဒီကိုယ်လုံးကြီးတွေ အိပ်ပျော်သွားပြီဆိုပါတော့၊ ခြင်ကိုက်ရင် သိပါ့မလား၊ (မသိပါဘူးဘုရား...)။ မသာနဲ့ သိပ်မကွာဘူးနော်။ သေခါစဆိုရင်ရော သိပါ့မလား၊ (မသိပါဘူးဘုရား...)။ ဒါဖြင့်ဘဝဆိုတာသည် ဒီကိုယ်လုံးကြီးလို့ ယူတာ မဟုတ်တာတော့ သေချာပြီ။ ဒီခန္ဓာ ၅ ပါးအစုံကိုသာ ဘဝလို့ယူရမှာ။ သဘောပေါက်ပြီလား။ အဲဒီင ါးခုပေါင်းတော့မှ အသိပေါ်လာတာကို ဘဝလို့ ယူရမှာနော်။ ဒါကိုသာ ဘုရားက ဒုက္ခသစ္စာလို့ခေါ်တာ။ လိုရင်းက အဲဒါပဲ။ ဘဝအစစ်က အဲဒါပဲ။ 

ဘဝဆိုတဲ့ အသိပေါ်တာကို ဖွားမြင်တယ် ခေါ်တယ်။ အသိပျောက်သွားတာကို ဘဝသေတယ်လို့ခေါ်တယ်။ အဲဒါမှ ဖွားသေအစစ်၊ နားလည်ကြပြီလား။ အသိလေးဖြစ်ပေါ်တာကို ဘဝလို့ခေါ်တာ၊ ဇာတိဖြစ်လိုက်တာ၊ ပျောက်သွားတာက ဇရာ၊ မရဏ၊ ဖွားသေ။ ဘဝရဲ့ ဖွားသေဆိုတာ "သူ၊ သူ့ကို တကယ်တွေ့နေရမှာ" အသံကြားလိုက်တယ်၊ မနောပေါ်တယ်ဆိုရင် ဒီမှာလည်း ဖွားသေ၊ ဒီမှာလဲဖွားသေ ပြီးရင်ပျောက်သွားတယ်။ ဒါဆို ဘဝမရှိတော့ဘူး။ 

သိသဘောလေးပေါ်တာ ဖွားသေပဲ။ ဘဝတစ်ခုလုံးနော်၊ အစိတ်အပိုင်း မယူနဲ့။ ဘဝတစ်ခုလုံး ယူရမှာ။ 'ကိုယ့်ဘဝတစ်ခုလုံးရဲ့ ဖွားသေ' ဟာ ကြားသိ ကြံသိ အသက်ရှူတယ်၊ ထိသိ မနောမှာကြံသိ၊ အဲဒီအသိလေးပျောက်သွားတဲ့ ဖွားသေဟာ ဘဝတစ်ခုလုံးရဲ့ ဖွားသေဆိုတာကို ဆုံးဖြတ်ချက်ရဲရဲချ၊ နားလည်ပြီနော်။ အဲဒီလို ဆုံးဖြတ်ချက်ကျပြီဆိုရင်တော့ ဘုန်းဘုန်း ရဲရဲ အာမခံတယ်။ တရားရပြီလို့၊ ဘုရားအလိုကျရောက်ပြီ။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။