မုဒိတာဘဏ် - Appreciation Bank

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
9/21/2026
မုဒိတာဘဏ် - Appreciation Bank

★ အခုတော့ မိဘတွေနဲ့ ဆရာမတွေကို ဘုန်းဘုန်းက ဘာလုပ်ခိုင်းမှာတုန်းဆိုတော့ ဒီတခါကျတော့ ဂျာနယ်တော့ မရေးခိုင်းတော့ဘူး၊ မုဒိတာဘဏ်စာအုပ် ဖွင့်ခိုင်းမယ်။ ဘဏ်စာအုပ်၊ KBZ ထဲမှာ AYA ထဲမှာ CB ဘဏ်ထဲမှာ AGD ထဲမှာ UAB ထဲမှာ ဖွင့်ချင်သလောက် ဘဏ်အကောင့်တွေ များများဖွင့်၊ ဒီ ဘဏ်အကောင့် မုဒိတာစာအုပ်မရှိသေးဘူးဆိုရင် တခါတခါ ကိုယ်ရှာတဲ့ပိုက်ဆံက ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ 

★ ဟာ ဒုက္ခပဲ ငွေကြေးတန်ဖိုးကျသွားပြီ၊ ဒုက္ခပဲ ရွှေစျေးတက်သွားပြီ။ ဒုက္ခတွေ ဒုက္ခတွေ ပိုက်ဆံတွေအများကြီးရှာထားလည်း ဒုက္ခ ဒုက္ခ ဆိုပြီးတော့ ရေရွတ်ရတယ်။ ကိုယ့်ရဲ့စည်းစိမ်းဥစ္စာက ကိုယ်တန်ဖိုးထားသလောက်ပဲ တန်ဖိုးရှိပါတယ်။ အဲဒါကြောင့် ဘဏ်စာအုပ်ဖွင့်ခိုင်းအုန်းမယ်။ 

★ မုဒိတာဘဏ် တည်ဆောက်ခိုင်းမယ်နော်။ ၂၁ရက် နေ့တိုင်းလုပ်သွားရင်တဲ့ အကောင်းမြင်ဝါဒ ရယ်၊ resilience ဆိုတာက လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်တွေရယ်၊ တည်‌ဆောက်နိုင်ပြီတဲ့။ ၂၁ရက်ဆိုတော့ ၃ပတ်ပေါ့။ အကျင့်ပြောင်းနိုင်ပြီ။ ကိုယ့်ရဲ့အကောင်းဆုံးသီချင်းကို နေ့တိုင်း ဆိုတတ်တယ်။

★ အဲဒီမတိုင်ခင်ကတော့ အတိုင်အဖောက်မညီတဲ့ သီချင်းတွေ သွားဆိုမိလိုက်။ ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်အောင် သီချင်းတွေ ဆိုမိလိုက်။ ကိုယ်မကြိုက်ဘူးဆိုတဲ့လူ သူတို့ရဲ့အဆိုးဆုံး သီချင်းကို သွားပြီးတော့ နားထောင်လိုက်။ အဲဒီလိုလုပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်အောင် လုပ်နေအုန်းမယ်။ 

★ ၂၁ရက် ဒီဟာကို လုပ်တယ်ဆိုရင်တော့ အဲဒီအကျင့်တွေ ပျောက်သွားမယ်။ ပျော်ရွှင်စေတဲ့အကျင့်၊ စိတ်ဓါတ်အားကောင်းတဲ့အကျင့်။ ဒါဖြင့် ဒီနေ့ တနေ့တာအတွက် ဘုန်းဘုန်းက ဘာရေးခိုင်းမှာတုံးဆိုတော့ မိဘတွေ ဆရာမတွေ သုံးခုလောက် ကိုယ့်ဘဝမှာ ကိုယ်ဖြတ်‌ကျော်ခဲ့တဲ့ အခက်အခဲ၊ ငါ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဘယ်အခက်အခဲ၊ ဘယ်စိန်ခေါ်မှု၊ သုံးခုလောက် တွေးပေးပါ။

★ နောက်တစ်ခုက ကိုယ့်မိဘတွေ သူတို့က ဘယ်လောက်အထိ သူတို့ရဲ့ဘဝကို အောင်မြင်စေချင်တယ်။ ကိုယ့်မိဘ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။ နောက်တစ်ခုကတော့ ကိုယ်တက်ခဲ့တဲ့ကျောင်း ကောင်းတာလေး အသိအမှတ်ပြုပေးပါ။ နောက်ဆုံးတစ်ခုကတော့ ကိုယ်နေတဲ့မြို့ ရန်ကုန်မြို့ သူ့ရဲ့ကောင်းကြောင်းတွေ တွေးပေးပါ။ 

★ ဒီလိုစိတ်ထားတာကို မေတ္တာစိတ်ထားတာလို့ခေါ်တယ်။ မုဒိတာက မေတ္တာစိတ်ထားနဲ့ တူတူပဲ။ ခြောက်ခုနော်။ ကိုယ့်အတွက်က သုံးခု။ မိဘအတွက်က တစ်ခု၊ ကိုယ်တက်ခဲ့ကျောင်းက တစ်ခု၊ အခု ရန်ကုန်မြို့ကတစ်ခု။ အဲဒီအကြောင်း အရင်တွေးမယ်၊ ပြီးရင် ကိုယ့်ဖုန်းထဲမှာ ရေးမယ်နော်။ 

★ ၆ မိနစ် တရားထိုင်မယ်၊ အဲဒီအကြောင်း တွေးမယ်။ 

We are going to be meditating for six minutes. We are going to be recalling some of the challenges that we have faced in the past and how we did our best to overcome them. So three challenges in your life and then the fourth one, think about your parents. Recognize how hard they work to make their life a success. And after that, think about the school you went to or the university you went to. Think about one positive thing about the institution. The last one, think about the city you live in, one thing good about the city where you are.

ခြောက်မိနစ်ပြည့်ပါပြီ မျက်လုံးဖွင့်လို့ရပါပြီ။

★ အခုတခါ ပိုပြီးတော့ သေချာအောင် ကိုယ့်ဖုန်းထဲ‌ရေးထည့်ပါ။ ခေါင်းစည်းကျတော့ မုဒိတာဘဏ် - Appreciation Bank ဆိုပြီးတော့ ရေးမယ်။ 

★ ကိုယ့်အကြောင်း၊ ကိုယ့်ကြိုးစားမှုအကြောင်းပေါ့၊ အထူးသဖြင့် အခက်အခဲတွေ စိန်ခေါ်မှုတွေ ဖြတ်ကျော်ခဲ့တဲ့ဟာ သုံးခုလောက်ရေးထည့်ပါ။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၃.၈.၂၀၂၆) MISY ကျောင်း ဝါဆိုသင်္ကန်းအလှူတွင် မိဘများ၊ ဆရာဆရာများအတွက် ဟောကြားတော်မူခဲ့သော တရားတော် မှ စာစီပူဇော်ပါသည်။