#လူတိုင်းလူတိုင်းဟာ ဘဝရဲ့ ကံကြမ္မာအပြောင်းအလဲရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံရမှာ၊ ကြုံရမှာပါပဲ။ ဒါဟာ လောကဓံရဲ့ သဘောပဲ။ ကံကြမ္မာရဲ့ သဘောက ဆိုးပြီဆိုရင် စုပြုံဝင်လာတဲ့ သဘောရှိတယ်လေ။ တစ်ချို့ကံကြမ္မာဒဏ်တွေက ကိုယ်နဲ့တိုက်ရိုက်ဆိုင်တဲ့ အပြောင်းအလဲတွေဖြစ်သလို တစ်ချို့ကိစ္စတွေကျတော့ ကိုယ်နဲ့ ဆက်စပ်သူတွေရဲ့ အပြောင်းအလဲမှာ ကိုယ်ပါမကောင်းတွဲပြီး ခံရတာမျိုးလည်း ရှိတတ်တယ်ပေါ့။
#အရေးကြီးဆုံးက အဲဒီလို ကံကြမ္မာ အပြောင်းအလဲရဲ့ ရိုက်ခတ်မှုဒဏ်တွေ ကြုံရတဲ့အခါ စိတ်ခိုင်ဖို့နဲ့ စိတ်တည်ငြိမ်ဖို့ပါပဲ။ ရင်ဆိုင်နိုင်တဲ့စွမ်းအား၊ သတိမလွတ်တဲ့ ထိန်းအား၊ ဘာသာတရား အဆုံးအမအားတွေ ကျမသွားဖို့ပါပဲ။ ရတနာသုံးပါး၊ ကံကံရဲ့သဘောတရားပေါ်မှာ ယုံကြည်လက်ခံတဲ့ သဒ္ဓါတရား ကွက်မသွားဖို့ပါပဲ။
#အဲ့ဒီလို အဆိုးတွေကြုံရတဲ့ အခါမျိုးမှာ ဘုရားမရှိခိုးချင်လည်း ရှိခိုးရမှာပဲ။ တရားမနာချင်လည်း နာရင်မှာပဲ။ သံဃာတော်တွေထံ မဆည်းကပ်ချင်လည်း ဆည်းကပ်ရမှာပဲ။ စိတ်ပန်းလူပန်းဖြစ်နေလို့ ဘုရားတရားမေ့နေတာမျိုး မဖြစ်အောင် ကိုယ့်သဒ္ဓါတရားကို ထိန်းညှိနိုင်ဖို့ပါပဲ။ ဆိုးနေတဲ့အချိန်မှာ အဆိုးတွေ ထပ်မဖြစ်အောင် အကောင်းတွေပဲ များများလုပ်နိုင်ဖို့ ကြိးစားဖို့ပါပဲ။
#အဆင်ပြေရင် သတိထား။
#အဆင်မပြေရင် ကုသိုလ်ပွါး။
#အစွဲတရားတွေကြား
အလွဲအမှားတွေ မများပါစေနဲ့။
မနာပ ဒါယီကိုရီးယားဆရာတော်

