★ Managing Stress Through Mindfulness ဆိုတဲ့ ဗီဒီယိုလေးကြည့်ရအောင်။
Managing Stress Through Mindfulness: A Resiliency Tool
https://youtu.be/EJ2qnmoMVdo?si=O3WdQuZ01fD_c_cj
★ positive and relaxed state ဆိုတာ မုဒိတာ စိတ်ကိုပြောတာ။ စိတ်က positive ဖြစ်တဲ့အရာကိုပဲကြည့်တယ်၊ အဲဒီအချိန်မှာ စိတ်က relaxed ဖြစ်တယ်။ အဲဒီလိုဖြစ်တယ်ဆိုရင် ကျန်းမာရေးအရ ဘယ်လိုကောင်းကျိုးဖြစ်လဲ။
★ Stress hormones fall တဲ့၊ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းလျော့သွားတယ်။ ခဏခဏ စိတ်ညစ်တဲ့သူက သူ့ဦးနှောက်ထဲမှာ စိတ်ညစ်စေတဲ့ ဟော်မုန်း အများကြီးထွက်တယ်။ ဦးနှောက်ကို ပြောင်းရတယ်ဆိုတာ ဦးနှောက်ကိုပြောင်းတဲ့ ဟော်မုန်းကို ပြောင်းတာ။
★ နောက်တစ်ခုက anti-aging hormones raises နုပျိုစေတဲ့ဟော်မုန်းတွေ ပိုပြီးတော့ ဖြစ်တယ် မုဒိတာဖြစ်တယ်ဆိုရင်။ immune system is strengthened. ကိုယ့်ကိုယ်ခံအား ပိုကောင်းလာတယ်။ အကောင်းမြင်ဝါဒရှိတဲ့လူနဲ့ အဆိုးမြင်ဝါဒရှိတဲ့လူ ကိုယ်ခံအားကွာတယ် ရေရှည်မှာ။
★ နောက်တစ်ခုက rest and restore reponse - အကောင်းမြင်ဝါဒရှိတဲ့လူကတဲ့ အလုပ်လုပ်နေတဲ့အချိန်မှာတောင်မှ စိတ်က နားတတ်တယ်။ အဆိုးမြင်ဝါဒရှိတဲ့လူက အလုပ်ပြီးးတဲ့အချိန်တောင်မှ စိတ်က မနားတတ်ဘူး။
စိုးရိမ်စရာတွေတွေးတယ်၊ မကျေနပ်စရာတွေတွေးတယ်။ ရွေးတာကိုက အဲဒီလိုပဲ ရွေးတွေးတာကိုး။ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေလည်းလျှောက်တွေး၊ မကျေနပ် အဲဒီလိုတွေ ဖြစ်နေတာပေါ့။
★ A positive aspect of your life တဲ့၊ negative aspect လည်းရှိတယ်၊ positive aspect လည်း ရှိတယ်။ negative ဖြစ်တဲ့ဟာလည်းရှိတယ်၊ positive ဖြစ်တဲ့ဟာလည်းရှိတယ်။ ဆိုးလ်မှာတုန်းက ဘုန်းဘုန်း ဟောခဲ့တဲ့ တရားထဲမှာ ဘာပြောတုန်းဆိုတော့ ပြတဲ့ ဗီဒီယိုတစ်ခုထဲမှာ တစ်နေ့တစ်နေ့မှာ လူတွေက အတွေးပေါင်း ၅သောင်းကျော်လောက်ရှိတယ်တဲ။
★ အဲဒီ အတွေး ၅သောင်းကျော်ထဲမှာ အတွေးတစ်ခု emotion တစ်ခုကို သီချင်းတစ်ပုဒ်နဲ့ နှိုင်းယှဥ်ကြည့်ရင် ကိုယ့်ရဲ့သိစိတ်ရယ်၊ မသိစိတ်ရယ် ပေါင်းပြီးတော့လေ သီချင်းအပုဒ်ပေါင်း ၅သောင်းမပြည့်ဘူး။ အဲဒီထဲမှာ ကိုယ်ပြန်ပြီးတော့ ဆိုတာ ဘယ်အပုဒ်ကို ပြန်ဆိုတုန်းဆိုရင် ၈၀ ရာခိုင်နှုန်း လူတွေဟာ negative ဖြစ်တဲ့ဟာကိုပဲ ပြန်ဆိုတယ်။
★ ကိုယ်လည်းမကြားချင်ဘူး၊ သူများလည်း မကြားချင်ဘူး၊ အဲဒီသီချင်းကိုပဲ ပြန်ဆိုဖြစ်တာတဲ့။ စိတ်ညစ်တဲ့အကြောင်းတွေ၊ မကျေနပ်တဲ့အကြောင်းတွေ အဲဒီအကြောင်းတွေဆို တခါတည်း မြိန်ရည်ယှက်ရည် ပြန်ပြောတယ်။ ဘယ်သူကြားချင်တုန်း၊ ဘယ်သူမှ မကြားချင်ဘူး။ ကိုယ့်ဦးနှောက်က မကြားချင်ဘူး။
★ အဲဒီအချိန်မှာ ဦးနှောက်က မကောင်းတဲ့ဟော်မုန်းတွေထုတ်တယ်။ ဒါပေမဲ့ အဲဒီသီချင်းကိုပဲ ကိုယ်က ဆိုတာ။ စိတ်ညစ်စရာအကြောင်းတွေ မဖြစ်ဖြစ်အောင် တွေးတယ်ပေါ့။ အဲဒါကြောင့်မို့လို့ ကိုယ့်အလုပ်အကြောင်း ကိုယ့်အကြောင်း ကိုယ့်သူငယ်ချင်းအကြောင်း ကိုယ်နေတဲ့နေရာအကြောင်း ကောင်းတာတွေရွေးပြီးတော့ တွေးပေးပါ။
Now radiate this feeling out to your family, your friends and your coworkers, the campus, the city, the planet.
★ မုဒိတာစိတ်ကို ဘယ်လိုလုပ်ရမှာတုန်းဆိုတော့ family ကိုယ့်မိသာစု၊ ကိုယ့်မိဘတွေ ဘယ်လိုကြိုးစားခဲ့တယ်။ သူတို့ဘဝကို သူတို့အောင်မြင်အောင် အကောင်းဆုံး ဘယ်လို ကြိုးစားခဲ့တယ်။ ကိုယ့်မိဘကို တခြားသူနဲ့သွားပြီးတော့ မနှိုင်းယှဥ်နဲ့၊ သူတို့ ကြိုးစားတာကို အသိအမှတ်ပြုပေး။
★ နောက်ပြီးတော့ your friends - ကိုယ့်ရဲ့ရင်းနှီးတဲ့ သူငယ်ချင်းအကြောင်းတွေတွေးပေး၊ coworkers - ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကြောင်းတွေးပေး။ ကိုယ့်အလုပ်ရုံ၊ ကျောင်းတက်တယ်ဆိုရင်လည်း ကိုယ့်ရဲ့ campus, ကိုယ့်ရဲ့မြို့၊ နောက်ပြီးတော့ စကြာဝဠာ အထိ။ California တက္ကသိုလ် San Francisco ကနေ သုတေသန လုပ်ထားတဲ့ ဗီဒီယို clip ပါ။
★ လက်တွေ့လုပ်မယ်၊ ဘာလုပ်မှာတုန်းဆိုတော့ မုဒိတာတရားထိုင်မယ်။ ၃မိနစ်ပဲထိုင်မယ်။ နံပါတ်တစ် မြန်မာပြည်မှာ ကိုယ်ကြိုးစားခဲ့တဲ့အရာ တစ်ခုကို တစ်မိနစ်လောက် အချိန်ပေးပြီး တွေးပါ။ ဆယ်တုန်းကလား တက္ကသိုလ်တုန်းကလား။ ရှစ်တန်းတုန်းကလား၊ အိမ်မှာလား၊ လုပ်ငန်းခွင်မှာလား။ ပြန်တွေးပါ၊ ကောင်းတာပဲ ပြန်တွေး။
★ ကောင်းတာကိုပဲ ပွားရမယ်။ ကောင်းတာကို ပွားလိုက်ရင် မကောင်းတာ သူ့ဟာသူ ဘေးရောက်သွားမယ်။ မကောင်းတာများများတွေးရင် the law of attraction ဆိုတာ ဆွဲဆောင်မှု နိယာမ မကောင်းတဲ့အတွေးက မကောင်းတဲ့အရာတွေကို ဆွဲဆောင်တယ်။ ကောင်းတာတွေးပြီးတော့ ကောင်းတာကို ဆွဲဆောင်ရအောင်။
★ မြန်မာပြည်မှာနေတုန်းက ကိုရီးယားနိုင်ငံ မရောက်ခင်တုန်းက ဂျပန်နိုင်ငံ၊ အရှေ့တောင်အာရှ၊ ဥရောပတိုက်၊ နိုင်ငံခြားမရောက်ခင်တုန်းက ကိုယ့်နိုင်ငံမှာ ကိုယ်ကြိုးစားခဲ့တာ တစ်ခုကို ပြန်တွေးပြီးတော့ အသိအမှတ်ပြုပါ။ ကိုယ့်ကြိုးစားမှုကို အသိအမှတ်ပြုပါ။ ကြိုက်တာတစ်ခုတွေး။ ကိုယ့်ဘဝအကြောင်း ကိုယ်အသိဆုံးပါ။
★ မျက်စိထဲမြင်အောင် ပြန်တွေး။ ဘယ်နေရာ၊ ဘယ်အလုပ်၊ ငါ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်။ ဘုန်းဘုန်း ကိုယ့်ဟာကိုယ် မုဒိတာဖြစ်ရရင် ပတ်စပို့စ်လျှောက်တာ ၈ လကြာတာ အမြဲတမ်းပြန်တွေးတယ်။ စာအုပ်ထဲမှာ ငါး နိုင်ငံမှာ သွားခွင့်ရှိတယ်ဆိုပြီးတော့ ရေးထားတယ်။ နောက်ပြီးတော့ သက်တမ်းက တစ်နှစ်ပဲ။
★ ပြီးရင် ကိုယ့်မိဘ အလုပ်ကြိုးစားတာ၊ တစ်ခုလောက် ပြန်တွေးပါ။ သူတို့ ဘယ်လိုကြိုးစားတယ်။ အသိအမှတ်ပြုခိုင်းတာနော်၊ ကျေးဇူးတင်ခိုင်းတာ မဟုတ်ဘူး။ ကျေးဇူးတင်ခိုင်းတယ်ဆိုရင် လူအများစုက မိဘက ကိုယ့်ကို ဘာလုပ်ပေးတယ်၊ အဲဒီလိုကြည့်ပြီးတော့ ကျေးဇူးတင်တယ်။ အဲဒါကောင်းပါတယ်။
★ ဒါပေမဲ့ တချို့ကျတော့ မိဘဆီကတော့ တစ်ခုခုတောင်းတာ မရလို့၊ တစ်ခုခုလုပ်မပေးလို့၊ မိဘစိတ်နာတဲ့သူတွေလည်း ရှိတယ်။ မိဘနား မကပ်ချင်တဲ့သူတွေလည်းရှိတယ်။ မိဘ ကိုယ့်ကို ဘာပေးပေး မပေးပေး သူတို့ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။
★ အခု တစ်ခါ တောင်ကိုးရီယားနိုင်ငံမှာ ကိုယ်ကြိုးစားပြီးတော့ ဖြတ်ကျော်ခဲ့တဲ့ အခက်အခဲတစ်ခု၊ အဲဒီအခက်အခဲကို ဘယ်လို ကြိုးစားပြီးတော့ ဖြတ်ကျော်ခဲ့တယ်ဆိုတာ ပြန်တွေးပြီးတော့ ကိုယ့်ကိုယ်ကိုယ် မုဒိတာဖြစ်ပေးပါ။
★ အခက်အခဲ စိန်ခေါ်မှုတွေ ကိုယ်စီကိုယ်စီ တစ်ခုပြီးတစ်ခု ကျော်လွှားခဲ့တာ။ အဲဒါတွေ ပြန်သတိရပြီးတော့ အသိအမှတ်ပြုပေးရင် ကုသိုလ်ဖြစ်နေတာနော်။ အခုတစ်ခါ ကိုယ့်သူငယ်ချင်းတစ်ယောက်၊ သူ စိန်ခေါ်မှုကို ဘယ်လို ဖြတ်ကျော်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုပေးပါ။ ကိုယ့်သူငယ်ချင်းတစ်ယောက်။
★ အခုတစ်ခါ ကိုယ်လုပ်တဲ့အလုပ် အများအတွက် ဘယ်လိုကောင်းတယ်ဆိုတာ တွေးပေးပါ။ အခုလုပ်နေတဲ့အလုပ်၊ နိုင်ငံခြားမှာ ကိုယ်လုပ်နေတဲ့အလုပ်။ အများအတွက် ဘယ်လို ကောင်းကျိုးဖြစ်တယ်။ ဒီအချက်လေး တွေးဖို့ မေ့နေကြတယ်။
★ ကိုယ် အလုပ်သွားလုပ်တယ်၊ တစ်နာရီ၊ ဒါမှမဟုတ် တစ်ရက်၊ တစ်နာရီကို ဘယ်လောက် လခ ရတယ်၊ တစ်ရက်ဘယ်လောက်ရတယ်၊ ကိုယ်က အဲဒါပဲ စိတ်ရောက်တယ်။ အဲဒါ မတွေးရဘူးလား၊ တွေးရတာပေါ့။ အဲဒီထက် ပိုတွေးရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီစက်ရုံကြီးလည်ပတ်နေတာ ကိုယ်ပါတယ်။
★ John F. Kennedy, NASA center ကမ္ဘာပေါ်ကို ဂြိုလ်တုလွတ်တဲ့နေရာကို ရောက်သွားတဲ့အခါမှာ သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးတစ်ယောက်က ခင်ဗျားအလုပ်က ဒီမှာဘာတုန်းလို့ မေးတာ သန်းရှင်းရေးအလုပ်သမားဖြေတဲ့ဟာ သမတကြီးက အရမ်းသဘောကျတာ။ ကျွန်မက လပေါ်ကို လူပို့ဖို့အတွက် ဒီမှာ အလုပ်လုပ်နေတယ်။
★ ဟုတ်တာပဲ၊ သူ့ရဲ့ သန့်ရှင်းရေးအလုပ်မရှိဘူးဆိုရင် အဲဒီ NASA center မှာ ညစ်ပတ်ပြီးတော့ ကျန်းမာရေးတွေလည်း ကောင်းမှာ မဟုတ်ဘူး၊ ကျန်းမာရေးမကောင်းဘူးဆိုရင် လပေါ်တက်မယ့်လူတွေ လပေါ်တက်ဖို့အတွက် အထောက်အကူပြုနေတဲ့လူတွေ ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး။ လူတိုင်းအရေးပါတယ်။ ငါ့ရဲ့အလုပ်လည်း အရေးပါတယ်။
★ အခု နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းမှာ ကိုယ်နဲ့အဆင်ပြေတဲ့လူရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။ တစ်ယောက်တည်းနဲ့ မပြီးနိုင်တဲ့ အလုပ်တွေချည်းပဲ။
★ ကဲ အချိန် ၃မိနစ်ပြည့်ပါပြီ။ အခု ဘုန်းဘုန်းက နောက်ထပ် ၃ မိနစ် exercise လုပ်ချင်တယ်။ ဖုန်းလေးတွေပါတယ်၊ အဲဒီဖုန်းထဲမှာ ဒီတပတ်အတွင်း ကိုယ် အကောင်းဆုံး ကြိုးစားခဲ့တာ နှစ်ခု ရေးထဲ့ပေးပါ။ ဘာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ အဲဒါ ရေးထည့်ပါ။
★ ခေါင်းစည်ကျတော့ မုဒိတာ ဘဏ်စာအုပ်တဲ့။ မုဒိတာ ဘဏ်အကောင့်၊ သူဌေးမြန်မြန်ဖြစ်ချင်ရင် ဒီထဲကို များများရေး။ ကိုယ့်ကြိုးစားမှုတစ်ခုရေး၊ သူများကြိုးစားမှု တစ်ခုရေး။ နေ့တိုင်းရေး။ ၃ပတ်ကြာရင် ဦးနှောက်အနေအထား DMN (Default Mode Network) ဆိုတာ ပြောင်းသွားမယ်။
★ ဒီတပတ်အတွင်း အကောင်းဆုံး ကြိုးစားခဲ့တဲ့နှစ်ခု ရေးပါ။ မှတ်တမ်းတင်ပါ။ မမေ့အောင်၊ မေ့ရင်လျော့သွားမယ်။ မမေ့မလျော့။ ဒီနေ့ နေ့စွဲလေးလည်းထည့်ထားလိုက်အုန်း။ မနက်ဖြန်လည်း ဆက်ရေး၊ ၃မိနစ်ပဲ အချိန်ပေးရတယ်။ အိမ်ပြန်ရောက်တာနဲ့ ဒီနေ့ ဘာအကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။
★ ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေး ဂရုစိုက်တာလား၊ လုပ်ငန်းခွင်မှာ ကြိုးစားတာလား။ ခေါင်းစည်းက မုဒိတာ ဘဏ်စာအုပ်။ ကဲ အချိန်စေ့ပါပြီ။အကုန်လုံးလက်အုပ်ချီကြတော့၊ တရားပွဲလည်း ပြီးပါပြီ။ ဘုန်းဘုန်းတို့ ဆုတောင်းကြမယ်။
★ ဒီနေ့ အားလုံး တရားနာပြီးတော့ မုဒိတာ ဘဏ်အကောင့် ဖွင့်လှစ်ပြီးသကာလ မုဒိတာ ဘာဝနာအမြင် - altitude စီးဖြန်းပွားများရခြင်း လေ့ကျင့်ရခြင်း ကုသိုလ်ကောင်းမှုကြောင့် နေ့စဥ်ဘဝမှာ အစစအရာရာ အဆင်ပြေပါစေ။ ကြိုးစားသမျှ အောင်မြင်ကြပါစေ။ မိမိကောင်းကျိုး၊ အများကောင်းကျိုး တိုး၍တိုး၍ သယ်ပိုးဆောင်ရွက်နိုင်ပါစေ။ ပြည်တွင်းပြည်ပ ကိုယ်တွင်းကိုယ်ပ သာသနာလည်း ပြုနိုင်တဲ့ ပါရမီရှင်များ ဖြစ်ကြပါစေ။
(ဆရာတော်ဘုရားပေးတဲ့ဆုနှင့်ပြည့်စုံရပါလို၏ အရှင်ဘုရား)။
သာဓု၊ သာဓု၊ သာဓု။
(၇.၉.၂၀၂၆) ကိုရီးယားနိုင်ငံ အောက်စဖို့ဒ်ဗုဒ္ဓဝိဟာရ တွင် ဟောကြားတော်မူခဲ့သောတရားတော်မှ စာစီပူဇော်ပါသည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

