ကိုယ့်ရဲ့ default position ကို အကောင်းဘက်မှာ ပြောင်းထားလို့ရတယ်

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
10/14/2026
ကိုယ့်ရဲ့ default position ကို အကောင်းဘက်မှာ ပြောင်းထားလို့ရတယ်

The science behind mindfulness as a tool for happiness | Hedy Kober 

https://youtu.be/jOIE5xFuWL4?si=kCp39qCEYrSgmHMc

★ ဒီ video clip ကို ဆွဇ်ဇာလန်နိုင်ငံမှာ ၂နှစ် တစ်ကြိမ်ကျင်းပတဲ့ World Economic Forum ကမ္ဘာ့စီးပွားရေး forum မှာ ရေးလ်တက္ကသိုလ်က ပါမောက္ခ ဆရာမကြီးကြီးက တရားထိုင်တဲ့အကြောင်းသွားပြောတယ်။ အဲဒီမှာကြည့်။ 

★ ဘဝမှာ အစစအရာရာ အဆင်ပြေတဲ့သူတောင်မှ ကိုယ် စိတ်တိုင်းမကျတဲ့အချိန်ရှိတယ်။ အဲဒီစိတ်တိုင်းမကျတဲ့အချိန်မှာဆိုရင် ကိုယ်လိုချင်တာ မရတဲ့အချိန် ဘေးကလူ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း မဖြစ်တဲ့အချိန်ဆိုရင် မပျော်ရွှင်နိုင်အောင် စိတ်ညစ်ရတယ်။ အဲဒါတွေက ပျော်ရွှင်မှုရဲ့ အနှောင့်အယှက်တွေဖြစ်တယ်။

★ ဒါဖြင့် ဘယ်လိုလုပ်မှာတုန်း၊ ကိုယ့်ရဲ့ attitude ကို ပြောင်းပါ။ ကိုယ့်ရဲ့အမြင်ကိုပြောင်းပါ။ အဲဒီလူ မပြောင်းဘူးဆိုရင် သူ့ကိုကြည့်တဲ့ ကိုယ့်ရဲ့အမြင်ကို ပြောင်းပါ။ 

★ Mindfulness ဆိုတဲ့ စိတ်ကို training လုပ်တဲ့ သတိတရား ဒီ သတိတရား ဗုဒ္ဓဘာသာကနေ လာပါတယ်။ ဗုဒ္ဓဘာသာထဲမှာ system ကြီးတစ်ခုလုံးရှိတယ်။ အဲဒီထဲမှာ သစ္စာလေးပါးရှိတယ်၊ ဗြဟ္မစိုရ်လေးပါးရှိတယ်။ အဲဒါမျိုးတွေရှိတယ်။ 

ဒီမှာကျတော့ သိပ္ပံပညာအနေနဲ့ စိတ်ဝင်စားတာကတော့ Mindfulness သတိပဋ္ဌာန် ဆိုတဲ့ဟာ ဆိုတာ ဘာပြောတာတုန်းဆိုတော့ A နှစ်ခု attention and attitude. Attention အာရုံစူးစိုက်တာ၊ present moment ပစ္စုပ္ပန်အနေအထားမှာ စိတ်က ဘာဖြစ်နေတုန်း အဲဒီဟာကိုသိတာ။ ပစ္စုပ္ပန်အနေအထားမှာ ဒေါသဖြစ်တယ်ဆိုရင် ဒေါသဖြစ်တာကို သိတာ။ 

★ ဒေါသဖြစ်တာက အကုသိုလ်၊ ဒေါသ ဖြစ်တာကို သိတာက ကုသိုလ်။ သိလိုက်တာနဲ့ ကုသိုလ်ဖြစ်သွားပြီ။ မနာလိုတဲ့စိတ်ဖြစ်တယ်၊ အဲဒါက အကုသိုလ်။ အဲဒီစိတ်ကို သိလိုက်တာနဲ့ သိတဲ့စိတ်က ကုသိုလ်။ ကုသိုလ်နဲ့ ပြန်ပြီးတော့ ဆေးလိုက်တယ်ပေါ့။ အင်္ဂလိပ်လိုပြောရင် neutralize လုပ်လိုက်တယ်ဆိုတော့ သူ့ကို safe ဖြစ်အောင် လုပ်လိုက်တာပေါ့။

★ အားငယ်တဲ့စိတ်ဖြစ်တယ်။ အားငယ်တဲ့စိတ်က အကုသိုလ်။ ဘာလို့ အကုသိုလ်ဖြစ်တာတုံး။ unskillful ဆိုတာ မကျွမ်းကျင်ဘူး အဲဒီစိတ်က၊ ကိုယ့်ကိုယ်ကိုယ် စိတ်ပျော်ရွှင်အောင် မထားတတ်ဘူး။ ဒါပေမဲ့ သူ့ကို သိလိုက်တာနဲ့ ကုသိုလ်ဖြစ်သွားတယ်။ အဲဒါ attention.

★ Attitude ဆိုတာ ဒါက သဘောထား၊ acceptance ကိုပြောတာ၊ သြော်… ဒါလေးဖြစ်နေတယ်၊ ဒီစိတ်ဖြစ်နေတယ်၊ အဲဒီဟာကို လက်ခံတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘူး။ အားငယ်တဲ့စိတ် ဖြစ်နေတယ်။ ဖြစ်ရမှာလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထပ်ပြီးတော့ မရိုက်ကူး၊ ထပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘူး။ 

★ ဒေါသဖြစ်တယ်၊ ဒေါသဖြစ်တာကို သိလိုက်တယ်။ ငါ ဒေါသဖြစ်ရမလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထပ်ဆင့်ပြီး ဒေါသမဖြစ်ဘူး။ ထပ်ပြီးတော့ အပြစ်မတင်ဘူး။ ဘုန်းဘုန်းတို့က ကိုယ့်မှာ ချို့ယွင်းချက် တစ်ခုရှိပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ အပြစ်ပေးဖို့က အဆင်သင့်ဖြစ်နေတယ်။ 

★ ခေါင်းထဲကနေ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ အားပေးမှု မလုပ်တတ်ဘူး။ အားမပေးတတ်ဘူး၊ အားပေးမယ့်အစား တခါတည်း တနေကုန် ကိုင်ထားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးတယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် စိတ်ညစ်အောင် လုပ်တယ်ပေါ့။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မေတ္တာထားပါ။

★ Attitude ဆိုတာ အမြင်ပြောင်းတာ။ အမြင်မှားရင် ကျန်တာ အကုန်မှားမယ်။ နှစ်ခုရှိတယ်၊ attention and attitude - ပါဠိလိုဆို ပထမဟာက သတိ၊ ဒုတိယဟာက သမ္ပဇဥ်။ သတိနဲ့ သမ္ပဇဥ်။ အင်္ဂလိပ် attention and attitude. 

★ ဘာဖြစ်လို့ mindfulness လုပ်ဖို့လိုတာတုန်း၊ ကိုယ့်စိတ်ကို လေ့ကျင့်ဖို့ လိုတာတုန်းဆို destruction တွေ အရမ်းများလို့။ စိတ်ကိုပျံ့လွင့်အောင်လုပ်တဲ့အရာတွေ အရမ်းများလို့။ အဲဒီမှာ mind wandering အနီရောင်က စိတ်ပျံ့လွင့်တာ၊ အပြာရောင် mind not wandering က စိတ်မပျံ့လွင့်တာ။ အလုပ်လုပ်နေတဲ့အချိန်မှာတောင်မှာ စိတ်က အလုပ်မှာမရှိဘဲ တခြားနေရာရောက်တဲ့အချိန်က အနီရောင်မှာရှိတယ်။ 

★ ဒါ ဦးနှောက်ပုံစံ၊ brain default mode network - default ဆိုတာ ပုံမှန်အနေအထားကိုပြောတာ။ ဘာပုံမှန်အနေအထားတုန်းဆိုတော့ ကိုယ်‌ရွေးတဲ့ဟာ ပုံမှန်အနေအထား။ ကွန်ပျူတာထဲမှာ program တွေ အများကြီးရှိတယ်၊ ကိုယ်ရွေးထားတဲ့ဟာ computer ဖွင့်လိုက်တယ်ဆိုတာနဲ့ အဲဒီ program ဆီ ချက်ချင်းရောက်သွားတယ်။ အဲဒါကို default position လို့ ခေါ်တယ်။ 

★ တချို့ဆိုရင် တခြားလူတွေ့လိုက်တာနဲ့ သူ့ရဲ့ default mode network (DMN) က ချက်ချင်း အပြစ်ရှာတယ်။ တချို့ကျတော့ တွေ့တာနဲ့ ဘာဖြစ်တုန်း ချက်ချင်း နှိုင်းယှဥ်တယ်။ မိုင်းဖုန်းဆရာတော်ဘုရားကြီးက လူတွေ့တာ ဘာလုပ်တုန်းဆိုတော့ တစ်ခုခု ပေးရမှ။ 

★ ဒါနပါရမီ အားကောင်းတယ်၊ မေတ္တာအားကောင်းတယ်၊ ဗုဒ္ဓါနုဿတိ အားကောင်းတယ်။ စကားပြောတာ ၁၀ မိနစ်လောက် ပြောတာ ဘုန်းဘုန်းက သိပ်မတွေ့ဖူးဘူး။ ၅ မိနစ်လောက် ရှိပြီဆိုရင် ဘုရားဝတ်တက်ရအောင် ဗုဒ္ဓါနုဿတိ အရမ်းအားကောင်းတယ်။ စကားအများကြီးပြောရင် အတင်းပြောမိမှာစိုးလို့။

★ တချို့က အတင်းပြောတဲ့ဟာက ပုံမှန်အနေအထားဖြစ်နေတာ။ ဒီနေ့ လူတစ်ယောက်တွေ့ခဲ့တယ်၊ အတင်းပြောတာနဲ့တူတဲ့ အပြောတွေပဲပြောဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကိုယ့်ရဲ့ဦးနှောက်ထဲမှာ အဲဒါကိုပဲ program လုပ်ထားတာ၊ အဲဒါကို default mode network လို့ခေါ်တယ်။ အဲဒီဟာကို ပြောင်းရမယ်။ ပြောင်းလဲနိုင်တယ်။ 

★ fMRI ဆိုတဲ့ ဦးနှောက်ကို ဓါတ်ပုံရိုက်တဲ့စက်၊ တရားမထိုင်ခင်မှာ သူတို့ဦးနှောက်ကို ဓါတ်ပုံရိုက်ထားတယ်။ ၁၀ မိနစ် ထိုင်ပြီးပြီဆိုရင် ဦးနှောက် ဘာပြောင်းလဲမှုရှိတုန်း ပြန်ရိုက်တယ်။ ၃ရက်နဲ့ ဦးနှောက်ပြောင်းတယ်တဲ့။ ၁၀မိနစ် တရားထိုင်တာနဲ့ ဦးနှောက်ပြောင်းသွားတာရှိတယ်၊ အကောင်းဘက်ကို ပြောင်းသွားတာ။ 

★ ၁၀မိနစ် တရားထိုင်တဲ့လူနဲ့ မထိုင်တဲ့လူနဲ့ သူတို့ နှိုင်းယှဥ်ကြည့်တာ ထိုင်တဲ့လူက အလုပ်လုပ်တဲ့နေရာမှာ ပိုတိကျတယ်၊ အချိန်လည်း ဒီလောက်ထိ မလိုဘူးတဲ့။ ဘာလို့တုန်းဆိုတော့ စိတ်က သိပ်ပြီးတော့ မပျံ့လွင့်လို့။ အလုပ်လုပ်တဲ့နေရာမှာ ပိုတိကျတယ်။ 

★ အဲဒီတော့ စိတ်ပျံ့လွင့်တာများရင် ဦးနှောက်ပျက်တယ်၊ စိတ်တည်ငြိမ်တယ်ဆိုရင် ဦးနှောက်ပိုကောင်းတယ်။ ပြီးတော့ အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးတော့ တိကျတယ်။ 

ဆက်လက်ဖော်ပြပါမည်။

(၇.၉.၂၀၂၆) ကိုရီးယားနိုင်ငံ အောက်စဖို့ဒ်ဗုဒ္ဓဝိဟာရ တွင် ဟောကြားတော်မူခဲ့သောတရားတော်မှ စာစီပူဇော်ပါသည်။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏