logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
7/14/2026
လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား

အခုတစ်ခါ နောက်ထပ်ဗီဒီယိုတစ်ခုပြမယ်။ Dr.Richard Davidson ဆိုတာ Wisconsin တက္ကသိုလ်က။ How mindfulness changes the emotional life of our brains တဲ့ သတိပဋ္ဌာန်က ဦးနှောက်ရဲ့ အတွေ့အကြုံကို ဘယ်လိုပြောင်းပေးတုံးဆိုတာ ဒါ scientific သိပ္ပံနည်းကျ လေ့လာထားတာ။ 

★ ဒီဆရာကြီးက 1971 တည်းက မဟာစည်နည်းနဲ့ရယ်၊ ဆရာကြီးဂိုအင်ကာနည်းနဲ့ရယ် လေ့ကျင့်လာတဲ့ သိပ္ပံပညာရှင်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဟားဗဒ်တက္ကသိုလ်ရဲ့ clinical psychology ကျောင်းသားပေါ့။ အခုတော့ Wisconsin တက္ကသိုလ်မှာ professor အနေနဲ့ psychologist နဲ့ neuroscientist. 

★ ဗုဒ္ဓဘာသာအကြောင်း ဘယ်လောက်သိတုန်းဆို သူက အဘိဓမ္မာနဲ့ ဝိသုဒ္ဓိမဂ်ပါ လေ့လာထားတယ် ဒီဆရာကြီး။ အဲဒီဟာကို အ‌နောက်တိုင်းမှာ mindfulness ကို လုပ်ငန်းခွင်မှာ ရောက်သွားအောင်ပေါ့။ 

★ ဒါ ဘုန်းဘုန်းက သူတို့ရဲ့အလုပ်တွေကို အားကျပြီးတော့ ဒါ ဘုန်းဘုန်းထုတ်ထားတဲ့စာအုပ်လေး လုပ်ငန်းခွင်မှာ တရားမှတ်နည်း - Meditation at Workplace ဒီစာအုပ်လေး ဒါ ဟောထားတဲ့တရားတွေကို ပြန်ပြီးတော့ စုထုတ်ထားတာပါ။ 

★ ဆိုလိုတာက တရားက လုပ်ငန်းခွင်မှာ ရှိရမယ်။ ဘုန်းကြီးကျောင်းမှာ သွားပြီးတော့ ဓမ္မသရဏံ ဂစ္ဆာမိ ပြောတာ၊ တခါတလေမှ လုပ်နိုင်တာ။ လုပ်ငန်းခွင်မှာ mindful ဖြစ်တယ်။ ကိုယ်တွေးနေတဲ့အချိန်မှာ ကိုယ့်အတွေးကို ကိုယ် သတိပြုမိတယ်။ ကိုယ်ခံစားနေတဲ့အချိန်မှာ ကိုယ့်ခံစားချက်ကို ကိုယ်သိရင် သူက ဓမ္မသရဏံ ဂစ္ဆာမိ ဖြစ်နေတာ။ 

★ ဒီဟာလေး သူပြောပြတာတော့၊ အန္တာရာယ်လေးခုပါ။ ပြီးရင် remedy (ဖြေရှင်းနည်း) လေးခု။ အန္တရာယ် လေးခုထဲမှာ အားလုံးသိနေတဲ့ဟာတွေပါပဲ၊ စိတ်လွင့်တာတို့၊ အထီးကျန်တာတို့၊ negative self-talk တို့ အဲဒါမျိုးတွေပါတယ်။ သူကနေပေးလိုက်တဲ့ treatment လေးခုကလည်းပဲ အကုန်လုံးသိပြီးသားဟာတွေချည်းပဲ။ ဒါပေမဲ့ သူပြောတဲ့ဟာက သုတေသနနဲ့ပြောတာပေါ့။ အဲဒါလေးကြည့်လိုက်ရအောင်။ 

How mindfulness changes the emotional life of our brains | Richard J. Davidson | TEDxSanFrancisco

https://youtu.be/7CBfCW67xT8?si=JpD-FgXTFgPDUXai

★ အဆုံးမှာ မေတ္တာပွားတဲ့ဟာလေး သူသင်ပေးတယ်။ ကိုယ်နဲ့ရင်နှီးတဲ့လူ၊ ကိုယ်ဂရုစိုက်တဲ့လူတစ်ယောက်၊ မျက်စိထဲမြင်အောင်ကြည့်ပြီးတော့ သူ့ကို May you be happy. May you be free from suffering. ပျော်ရွှင်ပါစေ၊ ဒုက္ခကင်းပါစေ၊ အောင်မြင်ပါစေ။ အဲဒီလို စိတ်ထဲမှာ repeat လုပ်တာ။ ဘုန်းဘုန်းတို့ ဒီမှာသင်တဲ့မေတ္တာပို့တဲ့နည်းပဲပေါ့။ ဒါပေမဲ့သူက တစ်ယောက်ယောက်ကို target လုပ်တယ်ဆိုတော့ ဥဒ္ဒိဿ မေတ္တာခေါ်တာပေါ့။ 

★ သူပြောတဲ့အထဲမှာ သူပြောတဲ့ remedy ပေါ့ four pillars ဆိုတဲ့အထဲမှာ ဘုန်းဘုန်းက နံပါတ်နှစ်နဲ့ နံပါတ်လေးထဲမှာ နံပါတ်နှစ်က connection တို့ connectivity တို့ဆိုတာ ပြန်ပြီးတော့ connect လုပ်တာ။ connection ရရင် သူက loneliness မရှိတော့ဘူး။ အဲဒီ connection ထဲမှာ ပထမဆုံး value ကို ပြန်ပြီးတော့ connect လုပ်ပါ။

★ ဆရာဝန်တွေအနေနဲ့၊ သူနာပြုတွေအနေနဲ့၊ အဲဒီ connection က နဂိုကတည်းက ရှိပြီးသား။ ဒါပေမဲ့ အလုပ်များတဲ့အချိန် stress များတဲ့အချိန်ဆို သူက ဒီလိုပဲ မေ့တတ်တယ်။ ဘုန်းဘုန်းတို့လည်း မေ့တာပဲ။ အလုပ်များတဲ့အချိန်ဆို သံသရာကနေ လွတ်မြောက်ကြောင်းလုပ်နေတယ်ဆိုတာ မေ့နေတယ်။ 

★ နိစ္စဓူဝ ဒီစာပို့ချရမယ်၊ ဒါ လုပ်ရမယ်၊ စက်ရုံလိုလုပ်နေတာပေါ့။ သူ့ main purpose နဲ့ connection မေ့နေတယ်။ အဲဒါမျိုးတွေဖြစ်တယ်။ ဘုန်းဘုန်းတို့တောင် ဖြစ်တယ်ဆိုတော့။ အဲဒီ connection ထဲမှာ appreciation က မုဒိတာပါ၊ kindness က မေတ္တာပါ၊ compassion ကရုဏာပါ။ အဲဒါ သူက ဗြဟ္မစိုရ်တရားအကြောင်းတွေ သူပြောသွားတာ။

★ အဲဒီဟာတွေလုပ်တယ်ဆိုရင်တော့ connection ရှိတယ်တဲ့၊ connection ရတယ်။ အဲဒီထဲမှာ ဘုန်းဘုန်းမှာ ဒီနေ့ မုဒိတာကို ရွေးထားတယ်။ နောက်ဆုံးမှာ a sense of purpose - ရည်ရွယ်ချက်။ 

★ ဒီရည်ရွယ်ချက်ကလည်းပဲ ဆရာကြီးအနေနဲ့ပဲ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဆေးရုံအုပ် ဖြစ်လာသည်အထိ a sense of purpose က တို့နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍထဲကို ငါ ဘဝပေးပြီးတော့ ဒီလုပ်ငန်းထဲပါဝင်မယ်ဆိုပြီးတော့ တာဝန်ကျတဲ့နေရာ သွားတာပဲ။ ပေးတဲ့အလုပ်လုပ်ခဲ့တာပဲ။ A sense of purpose က အဲဒီမှာရှိတယ်။ 

★ အဲဒီ a sense of purpose မှာ ကိုယ်ကိုယ်တိုင်က လူနာတွေကို စောင့်ရှောက်နိုင်‌အောင်၊ လူနာတွေ ကုသနိုင်အောင် ဆိုပြီးတော့ စာတွေကြိုးစားခဲ့တယ်။ အဲဒီတုန်းကတော့ ၁၀တန်းပေါ့။ အခုတော့ ၁၂တန်းပေါ့။ အဲဒီ purpose နဲ့ လျှောက်လာတာ၊ ပြီးရင် တခါတည်း ဆရာဝန်ဖြစ်အောင် နှစ်တွေအကြာကြီး စာဖတ်ရတယ်။ specialist ဖက် သွားတဲ့လူတွေဆိုလည်း စာမေးပွဲက မပြီးနိုင်ဘူး။ တခါတည်း တစ်ခုပြီးတစ်ခု။ 

★ အဲဒီတော့ အဲဒီဟာတွေကို ပြန်ပြီးတော့ကြည့်ရင် ခြေလှမ်းတိုင်းခြေလှမ်းတိုင်းမှာ a sense of purpose တွေရှိတယ်။ အဲဒီ a sense of purpose ကို ပြန် reflect လုပ်ပြီးတော့ အသိအမှတ်ပြုတာ။ အဲဒီ a sense of purpose ကို ပြန်အသိအမှတ်ပြုတာ။

★ အဲဒီရည်ရွယ်ချက်ကို ပြန်ကြည့်ပြီးတော့ မုဒိတာဖြစ်တာကို ပြောတာ။ တနေ့တနေ့ ဆေးရုံလာတယ်၊ စာသင်ရမယ့် အချိန်ဆိုရင် ဆရာမကြီးတွေ ဆရာကြီးတွေအနေနဲ့က နောက် generation ဆရာဝန်တွေ အပြည့်အစုံရှိအောင်၊ လူနာတွေ စောင့်ရှောက်နိုင်အောင် အဲဒီ purpose လည်းရှိရမယ်။ 

★ အဲဒီ purpose နဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း update လုပ်တယ်၊ သိပြီးသားဟာလည်း ပြန်ပြီးတော့ lesson plan တွေ လုပ်တယ်၊ presentation တွေ အချိန်တိုတိုလေး effective ဖြစ်အောင် အဲဒါတွေလုပ်တယ်။ သူတို့ကို ပြောပြီးသားဟာ ဘယ်ပုံစံမျိုးနဲ့ assess လုပ်မယ်ဆိုတာ အဲဒီအထိပါ တွေးတာ။

★ အဲဒါတွေအားလုံးဟာ Each step has a sense of purpose. လူနာတွေကို ကုတဲ့အခါမှာ ဒီလူနာ ပျောက်ကင်းစေချင်တဲ့ဆန္ဒ၊ အဲဒီ a sense of purpose က သူ့ overall purpose. ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း a sense of purpose က ဒီ health care ကဏ္ဍမှာ service ပေးနိုင်အောင်။

★ လူနာတွေကို ကုသနိုင်ဖို့ ခုနတုန်းက ဆေးရုံအုပ်ကြီး ဖတ်သွားတဲ့လူနာတွေရဲ့အရေအတွက်၊ လူနာတွေဟာ အားကိုးတကြီးရောက်လာတာလေ။ အဲဒီလူတွေအတွက်ဆိုပြီး အဲဒီ a sense of purpose က အစတည်းက အဲဒီဝန်ကြီးဌာနမှာ ဒယာ၊ အနုကမ္မာ၊ ဥပဌာနံ၊ အဲဒီဟာတွေ အားလုံးက a sense of purpose ပဲ။ သူက compassion လို့ပြောတာ၊ ဘာသာပြန်ထားတာတော့ တမျိုး။ 

★ အဲဒီ စကားလုံးသုံးလုံးစလုံးက compassion ရဲ့ synonyms တွေ ပါဠိစကားမှာပေါ့။ ဒါကြောင့် compassion နဲ့ လျှောက်ခဲ့တဲ့လမ်း၊ compassion နဲ့ တည်ဆောက်ထားတဲ့ community ဒီဟာက ‌a sense of purpose ရှိတယ်။ အဲဒီဟာကိုပြန်တွေးပြီးတော့ မုဒိတာလုပ်ကြရအောင်။ အဲဒါလေး လက်တွေ့ သုံးမိနစ်လောက်လုပ်ကြရအောင်။ 

★ ပထမဆုံး ဝင်လေထွက်လေ a sense of purpose - ရည်ရွယ်ချက်ရှိရှိ ရှူသွင်းပါ၊ သုံးလေးကြိမ်လောက် ရှူသွင်းပါ။ 

Deep and slow breathing… deep and gentle breathing …

★ အဆုတ်အတွက် အသက်ရှူတာလား၊ ဦးနှောက်အတွက်လား၊ ခန္ဓာကိုယ်တစ်ခုလုံးလား ရတယ်။ အခုချိန်က စပြီးတော့ ကိုယ်ငယ်ငယ်ကတည်းကစပြီး ခုချိန်ထိ လျှောက်ခဲ့တဲ့လမ်း၊ လုပ်ဆောင်ခဲ့သမျှ a sense of purpose ကို ပြန်သုံးသပ်ပါ။ 

★ ဆေးရုံလာတယ်၊ ဆေးကျောင်းသွားတယ်၊ စာကြည့်တိုက်သွားတယ်၊ လူနာကြည့်တယ်၊ ဆွေးနွေးတယ်၊ စာမေးပွဲဖြေတယ်၊ စာမေးပွဲစစ်တယ်။ There is a clear sense of purpose. 

သုံးမိနစ်ပြည့်ပါပြီ။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။