★ မုဒိတာပွားမယ်၊ မိမိကိုယ်ကိုယ် (myself)၊ ကိုယ်သိတဲ့လူ (the people I know) ကိုယ်မသိတဲ့လူ (the people I don’t know)။ ကိုယ်မသိတဲ့လူ ဘာကြောင့်အရေးကြီးတုံး။ ဆရာမတွေ ဝတ်ထားတဲ့ အင်္ကျီလှလှလေးတွေလေ ဒါ personally ပြောအုန်းမယ်။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ကိုယ်သိတာ ဘယ်နှစ်ယောက်ရှိတုံး။
★ ချုပ်တဲ့လူသိရင် အဲဒီ ကုန်ကြမ်းထုတ်လုပ်တဲ့လူ ကိုယ်မသိပါဘူး၊ အထည်ဖြစ်အောင်လုပ်တဲ့သူ ကိုယ်မသိပါဘူး။ သယ်ယူပို့ဆောင်ပေးတဲ့သူတွေ၊ တစ်နေရာကနေ တစ်နေရာ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်မြို့ပြီးတစ်မြို့ သယ်ယူပို့ဆောင်ပေးတဲ့သူ ကိုယ်မသိပါဘူး။ သယ်ယူပို့ဆောင်ပေးတဲ့ ကားတွေ ထုတ်လုပ်တဲ့လူ ကိုယ် မသိပါဘူး။
★ အဲဒီကားတွေ operate လုပ်နိုင်အောင်၊ ဆီထုတ်လုပ်တဲ့သူ ကိုယ်မသိပါဘူး။ အဲဒီကားတွေ မြန်မြန်ဆန်ဆန်သွားနိုင်အောင် လမ်းတွေ တည်ဆောက်ထားတာ ကိုယ် မသိပါဘူး။ အဲဒီလမ်းတွေ တည်ဆောက်နိုင်အောင် ပြည်သူတွေ အားလုံး၊ တနိုင်ငံလုံး အလုပ်ကြိုးစားပြီးတော့ အခွန်ပေးတာ အဲဒါတွေ ကိုယ်မသိပါဘူး။
ကိုယ်မသိတဲ့အပိုင်းက ပိုများပါတယ်။ ဒါကြောင့် the people I don’t know အဲဒီဟာကြီးက အကြီးကြီးပါ။ ဒီရှေ့မှာရှိတဲ့ ပန်းကိုပဲ ကြည့်ပါတော့။ ဒီပန်းနဲ့ပတ်သက်ပြီးတော့ ပန်းဘယ်သူထိုးထားတယ်ဆိုတာ ဘယ်နှစ်ယောက်သိတုံး။ ထိုးထားတာပဲရှိတယ်။ စိုက်တာမပါသေးဘူး။ ဝယ်တာ မပါသေးဘူး။ နေ့စဥ် ရေလောင်းတာ မပါသေးဘူး။
★ ဒီပန်းထိုးတဲ့ပညာရပ် လက်ဆင့်ကမ်းတာ မပါသေးဘူး။ ကိုယ့်အနေနဲ့ကတော့ လွယ်လွယ်ကူကူပဲ ဒီမှာ ဘယ်အရောင်ကနည်းနေတယ်၊ စိတ်ထဲမှာလုပ်ရင်လုပ်သွားမယ်။ ဒါကြောင့် မုဒိတာမရှိဘူးဆိုရင် ပျော်ရွှင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။
★ အဲဒါကြောင့် ဒီတစ်ကြိမ်ကျတော့ သုံးခုစလုံး ရအောင်တွေးမယ်နော်။ ဘုန်းဘုန်း အနေနဲ့ တွေးမယ်ဆိုရင် ဒီစာအုပ် (မုဒိတာစိတ်ထားနှင့်တိုးတက်စိတ်နေသဘောထား) ထုတ်ထားတာပါ။ နှစ်ပတ်ပဲ ရှိသေးတယ်။ ဒါ မန္တလေးမှာ မနှစ်က လာဟောထားတဲ့ မုဒိတာနဲ့ growth mindset တရားတွေကို ဘုန်းဘုန်း ထုတ်ထားတာ။
★ ဒီဟာထုတ်ဖို့အတွက် ဘုန်းဘုန်းကြိုးစားပြီးတော့ ဒီဟာတွေလေ့လာတယ်၊ ကိုယ်တိုင်လည်းပဲ apply လုပ်ကြည့်တယ်။ ပြီးရင် လာ share လုပ်တယ်။ ကိုယ့်အခန်းကဏ္ဍကိုယ် မုဒိတာလုပ်တာ။ နောက်ပြီးရင် ဘာရှိသေးတုန်းဆိုတော့ အဲဒီတရားပွဲတွေကို စီစဥ်တဲ့အလှူရှင်တွေ၊ လာနာတဲ့ပရိတ်သတ်တွေ၊ မေးခွန်းမေးတဲ့ ပရိတ်သတ်တွေ။
★ ပြီးရင် အဲဒီတရားတွေကို ကူးရေးတဲ့ အခု ကွန်ပျူတာကိုင်နေတဲ့ သဇင်ထိုက်တို့၊ သူတို့ရဲ့အခန်းကဏ္ဍတွေပါတယ်။ အဲဒါတွေကို အကုန်လုံးထောင့်စေ့အောင် မုဒိတာလုပ်လိုက်ရင် အဲဒီသုံးခုစလုံးပါသွားတယ်။ ဒါ သိတဲ့လူ။
★ မသိတဲ့လူအနေနဲ့ကျတော့ ဒီစာအုပ်ရဲ့စက္ကူတွေကို ဘယ်သူ ထုတ်မှန်းမသိပါဘူး၊ ဒီကာလာတွေ ဘယ်သူထုတ်မှန်းမသိဘူး။ တကယ်ရိုက်တဲ့နေရာမှာ ဝန်ထမ်းဘယ်နှစ်ယောက်တုံး၊ ဘယ်သူတွေတုံး ဘုန်းဘုန်းက မသိပါဘူး။ ရန်ကုန်ကနေ မန္တလေးအထိ ပို့ဆောင်ပေးတဲ့ အဲဒီ service ဘယ်သူလုပ်တယ်၊ အဲဒါတွေ မသိပါဘူး။
★ မသိတဲ့အပိုင်း ပိုများတယ်။ ဒီထဲမှာ ကွန်ပျူတာလည်းပါတယ်။ ကွန်ပျူတာအသုံးပြုရတယ်။ အဲဒီဟာကို တီထွင်တဲ့လူတွေ အများကြီးပါတာပေါ့။ အဲဒီဟာတွေကို ဘုန်းဘုန်းအနေနဲ့ ကိုယ့်ရဲ့စိတ်ကူးထဲမှာ တွေးကြည့်ပြီးတာ့ အသိအမှတ်ပြုတယ်ဆိုရင် အဲဒီအချိန်မှာ ကျန်းမာရေးကောင်းစေတဲ့ အလုပ်တစ်ခုကို လုပ်နေတာပေါ့။ တဖက်ကလည်း ကုသိုလ်စိတ်ဖြစ်နေတာပေါ့။ မုဒိတာစိတ် ဖြစ်တာပေါ့။ jealous မဖြစ်တော့ဘူး။
★ ဘယ်သူ့စာအုပ်က ငါ့စာအုပ်ထက် ပိုကြီးတယ်၊ ဘယ်သူ့စာအုပ်က ဘယ်လိုဖြစ်တယ်၊ အဲဒီစိတ်မွေးရင်တော့ အဲဒီအချိန်မှာ နှိုင်းယှဥ်ပြီးတော့ တခါတည်း လျှောက်ပြီးတွေးနေမှာပဲ။
★ ကဲ ၆ မိနစ် ၇ မိနစ်လောက် တရားထိုင်မယ်။ မုဒိတာပွားမယ်။ ပြီးရင်တော့ မေးခွန်းလေးတွေ နှစ်ခုသုံးခု ဘုန်းဘုန်း ဖြေပေးပါမယ်။
★ ကိုယ့်ဘဝထဲက အရေးကြီးတယ်ထင်တဲ့ အရာတစ်ခု၊ ဂုဏ်ယူစရာအရာတစ်ခု၊ ပြန်ပြီးတော့ အာရုံပြုပါ။ ပြန် focus လုပ်ပါ။ ကိုယ့်ရဲ့ အခန်းကဏ္ဍ အသိအမှတ်ပြုပါ။ ပြီးရင် ကိုယ်သိတဲ့လူ၊ မသိတဲ့လူ၊ အဲဒီလို ရှေ့ဆက်သွားမယ်။
(မုဒိတာပွား တရားရှုမှတ်နေပါ)။
★ ကိုယ်သိတဲ့လူ (the people I know) အသိအမှတ်ပြုပေးပါ။ ပြီးရင် the people I don’t know အသိအမှတ်ပြုပေးပါ။
★ အချိန်ရရင် ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တာလေး တစ်ခုတွေးပါ၊ နိစ္စဓူဝလုပ်ရတဲ့ လုပ်ငန်းတစ်ခု။ ကိုယ့်အခန်းကဏ္ဍ၊ စာသင်တယ်ဆိုရင် ကိုယ့်ရဲ့အခန်းကဏ္ဍ၊ ငယ်ကတည်းက စာကြိုးစားခဲ့တယ်။ အခု စာသင်ခန်းထဲထိ စာတွေကြည့်ရတယ်။
★ ဒီဟာနဲ့ပတ်သက်ပြီး ကိုယ်သိတဲ့လူ၊ ကိုယ့်ရဲ့ဆရာသမားတွေက အစ။ နောက်ပြီးရင်တော့ ဒီဘာသာရပ်ကို develope လုပ်လာတဲ့ ပညာရှင်တွေ၊ အဖက်ဖက်က ပံ့ပိုးပေးတဲ့ ပညာရှင်၊ တိုက်ရိုက်ဆက်နွယ်တဲ့ ပညာရှင်မဟုတ်ပေမဲ့ အဖက်ဖက်ကထောက်ပံ့တဲ့ပုဂ္ဂိုလ်တွေ။
နောက်ထပ် တစ်မိနစ်ဆို အချိန်စေ့ပါတော့မယ်။ (တရားဆက်ရှုမှတ်နေပါ)။
အချိန်စေ့ပါပြီ။ မျက်လုံးဖွင့်လို့ရပါပြီ။
★ အခု မုဒိတာနဲ့ fixed mindset ကို conclusion လုပ်ရမယ်ဆိုရင် ဒီလို မုဒိတာလုပ်တဲ့အခါမှာ ကြောက်စိတ်နည်းသွားတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်၊ relax ဖြစ်တဲ့စိတ်၊ အဲဒီစိတ်တွေ ပိုဖြစ်တယ်။ အဲဒီစိတ်ဖြစ်တယ်ဆိုရင် ကြောက်စိတ်မဖြစ်တော့ fixed mindset က ကြောက်စိတ်အခြေခံပြီးတော့ ဖြစ်တာ။
★ ဘေးပတ်ဝန်းကျင်က ဘယ်လိုထင်မှာ ကြောက်တယ်၊ အထင်သေးမှာကြောက်တယ်ဆိုတဲ့စိတ်တွေ။ ခက်ခဲတဲ့မေးခွန်းနဲ့လွယ်တဲ့မေးခွန်းဆိုရင် ခက်တဲ့မေးခွန်းကြည့်ပြီး ကြောက်တယ်၊ ကြောက်တဲ့စိတ်ဖြစ်တယ်။ နောက်ပြီးတော့ မစွန့်စားရဲဘူး၊ risk မယူရဲဘူး၊ ကြောက်တယ်။ သူများလက်မခံမှာ ကြောက်တယ်။ အဲဒီကြောက်စိတ်တွေ တချို့ကတော့ အပြင်မှာ တကယ် ဖြစ်နိုင်ချေရှိပါတယ်။ ကြောက်တဲ့အတိုင်း။
★ တချို့ဟာကျတော့ ကိုယ့်ဟာကိုယ်တွေးယူတာ။ အဲဒါကြောင့်မို့လို့ မုဒိတာပွားခြင်းအားဖြင့် ဘေးကလူတွေကိုလည်း ကိုယ်က ကိုယ်ကိုယ်တိုင် ကြောက်အောင် မလုပ်ဘူးပေါ့။ ကိုယ်ကိုယ်တိုင်က မကြောက်တဲ့အခါကျတော့ ကိုယ့်မှာ အမှားလုပ်မိတယ်ဆိုရင် ကိုယ်မကြောက်ဘူး။ ဘာကြောမှားတယ်ဆိုတဲ့ အဲဒီမေးခွန်းကိုပဲ မေးတယ်။
★ ဒီကနေပြီးတော့ ဘာသင်ခန်းစာယူရမှာတုံး။ How can I grow from this. အဲဒီလိုပဲတွေးပြီးတော့ ဆက်ကြိုးစားတယ်။ သူများတွေကိုလည်းပဲ အဲဒီလိုနဲ့မြင်တယ်၊ ဆက်ဆံတယ်ဆိုရင် ကိုယ့်ကိုယ်တိုင်ကလည်း ကြောက်စိတ်နည်းတယ်၊ တခြားလူကိုလည်းပဲ ကြောက်စိတ်ဖြစ်အောင် သိသိနဲ့ တမင်မလုပ်ဘူး။
★ အဲဒါကြောင့်မို့လို့ ကိုယ်ကိုယ်တိုင်ကလည်း fixed mindset ထဲ ဝင်တာတောင်မှ အကြာကြီးမဝင်ဘူး။ fixed mindset ထဲ ရောက်သွားပြီ သိတာနဲ့ growth mindset ထဲကို ပြန်ပြီးတော့ ထွက်လာတယ်။ အဲဒီလိုလုပ်တယ်ဆိုရင်တော့ ခက်ခဲတဲ့အရာတွေကို အဖြေရှာဖို့အတွက် ကိုယ် မကြောက်တော့ဘူးတဲ့။
★ မဖြေနိုင်တဲ့မေးခွန်းကို မေးခံရတဲ့ကလေးတွေ၊ အဲဒီထဲမှာ growth mindset ရှိတဲ့ကလေးတွေက ဒီမေးခွန်းက ခက်လိုက်တာ။ ပိုကြိုးစားတယ်၊ ဖြေတာလည်းပဲ ပိုပြီးတော့ enjoy ဖြစ်တယ်။ ဘယ်လောက်ထိ ဖြစ်တုန်းဆိုတော့ ဒီမေးခွန်းတွေ မတွေ့ဖူးဘူးတဲ့ ဆရာမကြီးတွေက ဘယ်ကနေယူလာမှန်း မသိဘူး။ ပြီးရင်တော့ မေးကြည့်အုန်းမယ်။
★ ဘယ်စာအုပ်လဲဆိုတာ မေးကြည့်အုန်းမယ်။ အိမ်ပြန်ရောက်ရင် မာမီကိုဝယ်ခိုင်းမယ်၊ ပြီးရင် လေ့ကျင့်မယ်။ ကလေးက အဲဒီလိုတွေးတာ။ growth mindset ရှိတဲ့ကလေး။ fixed mindset ရှိတဲ့ကလေးကတော့ လုံးဝ မတွေးတော့ဘူး။ သူ့ကိုယ်သူ မယုံကြည်တဲ့စိတ်၊ မကျေနပ်တဲ့စိတ်၊ ဆရာမတွေ မကျေနပ်တဲ့စိတ်၊ ကြောက်တဲ့စိတ်။ အဲဒါတွေပဲဖြစ်တယ်။ မေးရင်လည်း အဲဒီကလေးတွေက ဘာမှ ထွက်လာမှာ မဟုတ်ဘူး။
★ အဲဒါကြောင့်မို့လို့ growth mindset နဲ့ fixed mindset ရှိတာက learning capacity မှာ ကွာသွားတယ်။ ဒါကြောင့်မို့လို့ ဘုန်းဘုန်းတို့ နိုင်ငံအနေနဲ့က မုဒိတာက ဗုဒ္ဓတရားတော်ထဲမှာ သင်ပြီးသား။ ဝိနည်းထဲမှာ ဘယ်လောက်အထိ ပြောတုန်းဆိုတော့ မုဒိတာကို ဝိနည်းနဲ့ ချည်ထားတယ်။
★ ကထိန်ခင်းတဲ့အခါမှာ မုဒိတာမပွားဘူးဆိုရင် ကထိန်အာနိသင်မရဘူးတဲ့။ ရိုးရိုးသင်္ကန်းလှူတာပဲ ဖြစ်တယ်၊ ရဟန်းတော်တွေမှာ မုဒိတာ လုပ်ဖို့အတွက် ဘယ်လောက်အရေးကြီးတုံး။ မုဒိတာ လုပ်နိုင်တယ်ဆိုရင်တော့ လေးလကနေ ငါးလအထိ ပညတ်ထားတဲ့ ဝိနည်းသိက္ခာပုဒ် ၅ခုကို ဖြေလျှော့ပေးတယ်။
★ ဝိနည်းသိက္ခာပုဒ်တောင် ဖြေလျှော့နိုင်တဲ့ မုဒိတာပါ။ “သမဂ္ဂေါဟိသံဃော သမ္မောဒမာနော အဝိဝဒမာနော” ဝိနည်းထဲမှာ ခဏခဏ၊ ကိုရင်းလေးတွေတောင်မှ ကျက်ရတယ်။ ဝိနည်းပါဠိတော် ကျက်တဲ့အခါမှာ စာမျက်နှာ ၆မျက်နှာ ၇မျက်နှာလောက်ဆို ဒီစကားလုံးကတွေ့ရတယ်။ သမဂ္ဂေါ - ညီညွတ်တယ်ဆိုတာတဲ့၊ သမ္မောဒမာနော - မုဒိတာရှိတာတဲ့။ မုဒိတာရှိရင် ညီညွတ်တယ်ပေါ့။
★ အယူအဆမတူတဲ့အခါမှာ ကြောက်စိတ်မဖြစ်ဘူး။ မဟုတ်ရင်တော့ ကြောက်စိတ်ဖြစ်တယ်။ ကိုယ်နဲ့အယူအဆ မတူဘူး၊ လေသံမတူတော့ဘူးဆိုရင် စိတ်ထဲမှာတင်းမာလာတယ်။ မုဒိတာ ပွားထားတဲ့လူတွေကျတော့ မတူတာကို ပိုစိတ်ဝင်စားတယ်တဲ့။ ပိုစိတ်ဝင်စားပြီးတော့ စိတ်ဝင်တစားနဲ့ curious ဖြစ်ပြီးတော့ မေးတယ်ဆိုရင် တဖက်ကလည်း ပိုပြောချင်တာပေါ့။ တူနေတယ်ဆိုရင်တော့ ဘာ အသစ်အဆန်းမှ မလေ့လာနိုင်တော့ဘူး။
★ အဲဒီတော့ သမဂ္ဂေါ - ညီညွတ်တယ်၊ သမ္မောဒမာနော - မုဒိတာဖြစ်တယ်၊ အဝိဝဒမာနော - စကားမများဘူးတဲ့။ အမြင်မတူပေမဲ့ စကားမများဘူး။ ဝိရောဓိ ဖြစ်ချင်ဖြစ်မယ်၊ ပဋိပက္ခ မဖြစ်ဘူး။ ဧကုဒ္ဒေသော - တစ်လမ်းတည်းသွားတယ်။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တာ ဘုန်းဘုန်းတို့လည်း အဲဒီစကားလေး ငယ်ငယ်တည်းကကျက်ခဲ့တာ၊ ဒါပေမဲ့ အဓိပ္ပါယ်မသိဘူး။ ဒီ growth mindset နဲ့ မုဒိတာ လာလေ့လာတဲ့အခါမှ အမလေး လေးနက်လိုက်တာ ဖြစ်ရတယ်။
မေးခွန်းတွေ မေးချင်တဲ့သူရှိလား။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၁၂.၁၁.၂၀၂၅) မန္တလာတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး” ပထမပိုင်း တရားတော် မှ စာစီပူဇော်ပါသည်။
