★ အခုတခါ မုဒိတာအကြောင်း တိုက်ရိုက် သုတသန လုပ်ထားတဲ့ video clip အဲဒီဟာလေး ၃ မိနစ်ကျော်ကျော်ပဲ ရှိပါတယ်။ Managing stress မုဒိတာကို stress manage လုပ်တဲ့နေရာမှာ အသုံးပြုတာ။ အဲဒီဟာလေး ကြည့်ပြီးရင် နောက်ထပ် ဗီဒီယိုတစ်ခု growth mindset နဲ့ ပတ်သက်တဲ့ဟာလေး ဘုန်းဘုန်းတို့ ကြည့်မယ်။ အဲဒါဆို ဒီမနက် တရားပွဲပြီးပါပြီ၊ QandA စလို့ရပြီ။
★ University of California San Francisco ကနေပြီးတော့ သူတို့ သုတေသန လုပ်ထားတဲ့ဟာ။ သူတို့ပြောတာလည်းပဲ ဒီ stress ဟော်မုန်းတွေ ကျတယ်တဲ့ မုဒိတာလုပ်တာ။ သူပြောတာတော့ positive and relax state of mind. Positive ဖြစ်တယ်၊ relax ဖြစ်တယ်။
★ ကောင်းတာတွေကို တွေးခိုင်းတာ။ မြတ်စွာဘုရားက ဒုက္ခအကြောင်းတွေးတာတောင်မှ ကောင်းတာ တွေးနိုင်တယ်။ ဒီ ဒုက္ခ ငါ တစ်ယောက်တည်း မဟုတ်ဘူး၊ အဲဒီလိုတွေးတဲ့အခါကျတော့ ကောင်းတာတွေးတာ။
★ ဒီဒုက္ခ Why me? ငါ တစ်ယောက်တည်းပဲရှိတယ်၊ ဒုက္ခ ဘာဖြစ်လို့ ငါ့ကို discriminate လုပ်နေတာတုံး၊ ငါ့ကျမှ ဘာဖြစ်လို့ဖြစ်တုံး အဲဒီလိုတွေးတဲ့အခါကျတော့ ဒုက္ခကို အကြောင်းပြုပြီးတော့ မတွေးတတ်ဘူးပေါ့၊ negative thinking ဖြစ်တာပေါ့။
★ ဒုက္ခကို အကြောင်းပြုပြီး ဒုက္ခကိုလေ့လာတဲ့အခါကျတော့ နေရာတိုင်းလူတိုင်း ရှိတာပါလား။ အဲဒီဟာလေး မြင်လာတော့ ဒုက္ခအကြောင်းပြုပြီး positive thinking ဖြစ်လာတယ်။ အဲဒီဟာကို အနတ္တ thinking လို့ခေါ်တာ။ အနတ္တက အဲဒီမှာ It is not particular. It is not unique. လို့ပြောတာ။ It is universal. It is common. အဲဒါကို အနတ္တလို့ ပြောတာ။
★ ဒုက္ခအကြောင်းတွေးတာတောင်မှ ပြဿနာအကြောင်းတွေးတာတောင်မှ ရောဂါအကြောင်းတွေးတာတောင်မှ positive thinking လုပ်နိုင်တယ် ဆိုတဲ့အကြောင်း ပြောပြတာ။ အခု ဒါလေး ကြည့်ရအောင်။
Managing Stress Through Mindfulness: A Resiliency Tool
https://youtu.be/EJ2qnmoMVdo?si=ezJ9zNUF6Sps3d8e
★ ဒီဟာလေးကို လက်တွေ့ကျင့်ကြံဖို့အတွက် မေတ္တသုတ်နဲ့ ဆက်နွယ်ပြီးတော့ ဘုန်းဘုန်းက venn diagram လေး တစ်ခု ဆွဲလိုက်တာပေါ့။ ပထမဆုံးကတော့ မိမိကိုယ်ကိုယ် - Myself, နံပါတ်နှစ်ကတော့ People I know - ကိုယ်သိတဲ့လူ၊ နံပါတ်သုံးကတော့ People I don’t know - ကိုယ်မသိတဲ့လူ။
★ မုဒိတာပွားတဲ့အခါမှာ ဘုန်းဘုန်းတို့ ဒီပုံစံမျိုးနဲ့ ပွားပါမယ်။ နံပါတ်တစ်ကတော့ ကိုယ့်ကိုယ်ကိုယ် မုဒိတာပွားနိုင်ရမယ်။ စာထဲမှာ ဆိုထားတာတော့ သူများရဲ့အောင်မြင်မှု ပြည့်စုံမှုကို မုဒိတာပွားပါဆိုတာ အဲဒါက highest test ကို ပြောတာ။
★ ကိုယ့်ကိုယ်ကိုယ် မုဒိတာ မပွားနိုင်တဲ့လူက ကိုယ်ဒီလောက်ကြိုးစားပြီးတော့ စာမေးပွဲတွေ အများကြီးအောင်တာ၊ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုဖို့ မေ့နေတဲ့လူက သူများကို အသိအမှတ်ပြုဖို့ဆိုတာ သူက ခက်ပါတယ်။ You may likely feel threatened. သူတို့ စာမေးပွဲအောင်တာကို ကြည့်ပြီးတော့ ကိုယ်က မဖြေရသေးဘူးဆိုရင် ကိုယ့်မှာ စိုးရိမ်စိတ်ဖြစ်ရင်ဖြစ်မယ်၊ အဲဒါမျိုးတွေပေါ့။
★ အောင်ပြီးသားဆိုရင်လည်း ငါအောင်တဲ့ဟာက I don’t feel unique anymore. အရင်တုန်းကတော့ အောင်တဲ့သူ သိပ်မများဘူး၊ အခု သူလည်းအောင်၊ သူလည်းအောင်ဆိုတော့ special လို့ မခံစားရတော့ဘူး။ အဲဒါမျိုးတွေဖြစ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် မုဒိတာ မလုပ်ဘူးဆိုရင်။
★ မုဒိတာ ဆိုတာ အသိအမှတ်ပြုတာပဲ။ ကိုယ်ကြိုးစားခဲ့တယ်။ ဘယ်ဘာသာရပ် ဘယ်လောက်အထိ ဖတ်ခဲ့တယ်ဆိုတာ ကိုယ်အသိဆုံးပဲ။ အများကြီး။ You spent hours and hours, months and months, years and years learning a subject. အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုနိုင်ဖို့ဟာ အရေးကြီးတယ်။
★ အဲဒီလို အသိအမှတ်ပြုနိုင်တယ်ဆိုရင် ခုနတုန်းက ပြောတဲ့ဟာ anti-aging hormone နုပျိုစေတဲ့ဟော်မုန်းတွေက ပိုအားကောင်းတယ်တဲ့၊ cortisol တွေ adrenaline တွေ ကျတယ်တဲ့။ အဲဒါတင်မကဘူး Dr. Richard Davidson ပြောတဲ့ဟာဆိုရင် connection က ကောင်းတယ်။
★ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ connection ရတာလေ။ ကိုယ့်ရဲ့ a sense of purpose ပြန် connection ရတာ။ ကိုယ့်ရဲ့ ဝီရိယနဲ့ ပြန် connection ရတယ်။ ဗုဒ္ဓဝင်ကနေ ပြောမယ်ဆိုရင် ဘုရားဖြစ်ခါနီးမှာ လောကဓံ အကြီးအကျယ်နဲ့ တွေ့ကြုံတယ်တဲ့၊ ဘုရားအလောင်းက။ အများသိတာတော့ မာရ်နတ် တိုက်ခိုက်ခံရတယ်ပေါ့။
★ မာရ်နတ်တိုက်ခိုက်ခံရတာ အခုခေတ်အနေနဲ့ ပြောရင်တော့ social media မှာ ဝေဖန်ခံရတာတို့ လုပ်ငန်းခွင်မှာ ဝေဖန်ရတာတို့ အဲဒါမျိုးတွေပေါ့။ အိမ်မှာ negative feedback ပေးခံရတာတို့ အဲဒါမျိုးတွေပေါ့။ ဒါတွေက အကုန်လုံး လောကဓံတွေချည်းပဲ။
★ အဲဒီလိုဖြစ်လာတဲ့အခါမှာ ဘုရားအလောင်း ဂေါတမရဟန်းမြတ်က ဘယ်လိုလုပ်တုန်းဆိုတော့ သူကြိုးစားခဲ့တဲ့ဟာတွေ သူပြန်တွေးတာ၊ ဒီဘဝမှာ သူ ဘာတွေ ကြိုးစာခဲ့တယ်။ ဘာတွေ sacrifice လုပ်ခဲ့တယ်၊ အရင်ဘဝက ဘာတွေ ကြိုးစားခဲ့တယ်၊ အဲဒီဟာ။ သူလုပ်ခဲ့တဲ့အလုပ်တွေကို သူ ပြန်အသိအမှတ်ပြုတာ။
★ အသိအမှတ်ပြုတဲ့ဟာ ဝသုန္ဒရီနတ်သမီးက သက်သေပြတယ်ပေါ့။ ဒါတွေကတော့ metaphor ပုံစံမျိုးနဲ့ကြည့်လို့ရတယ်၊ psychology ရှုထောင့်ကနေ ကြည့်မယ်ဆိုလည်းရတယ်။ အပြင်မှာ တကယ်ဖြစ်နေတဲ့ မာရ်နတ်ပုံစံမျိုးနဲ့ ကြည့်ရင်လည်းရတယ်။ တရားသဘောကတော့ အကုန်လုံးလက်ခံတယ်။
★ ဒေဝပုတ္တမာရ်ဆိုတာ အပြင်မှာ တကယ်ရှိတာ။ အပြင်မှာရှိတာ ဂရုမစိုက်ဘူး။ ကိလေသာမာရ်ဆိုတာ စိတ်ထဲမှာဖြစ်တဲ့ psychology ကိုပြောတာ၊ အဲဒါဆိုရင်တော့ ဝသုန္ဒရီကို metaphor အနေနဲ့ ယူပေါ့။
★ ဘယ်လိုပဲဖြစ်ဖြစ် သုံးခု၊ myself ကိုယ့်ဟာကိုယ် မုဒိတာပွားနိုင်ရမယ်။ ကိုယ့်ကိုယ်ကိုယ် မုဒိတာ မပွားနိုင်ဘူးဆိုရင် ဘုန်းဘုန်းပေးနေကြ ဥပမာလေးက ဘာတုန်းဆိုရင် ကြိုးစားပြီးတော့ အဝတ်အစား လှလှလေး ဝတ်ချင်တယ်၊ အကောင်းဆုံး အဝတ်အစားလေးဝတ်ချင်တယ်။ အဲဒါကို ကြိုးစား ပိုက်ဆံရှာတယ်။ ပြီးတော့ ဝယ်လည်းဝယ်တယ်၊ ဝတ်လည်းဝတ်တယ်။ ကိုယ် ဝမ်းမသာနိုင်ဘူး။
★ သူများကလာပြီးတော့ ဆရာကြီး ဝတ်ထားတာ ကောင်းလှချည်လား။ ဘယ်လောက်ပေးရတုံး။ အဲဒီလိုမေးလိုက်တဲ့အခါမှ စိတ်ထဲမှာ ပီတိဖြစ်သွားရင် ကိုယ်ချက်ထားတဲ့ အစားအသောက်ကို သူများက ခွံကျွေးမှ တစ်လုတ်စားတာလေ။ ဗိုက်လည်းဆာနေတယ် ဒါပေမဲ့ ကိုယ့်ဟာကိုယ် ချက်ထားပြီးတော့ မစားတတ်ဘူး။
★ Our mind is thirsty for mudita. မုဒိတာ ဆာနေတာပေါ့။ အသိအမှတ်ပြုခံချင်လို့ ပြောရင် negative ဖြစ်သွားပြီ။ ဗုဒ္ဓမြတ်စွာဘုရားတောင်မှ အဗ္ဗုဂ္ဂတော ကိတ္တိသဒ္ဓေါ တဲ့။ ကိတ္တိ - ကျော်ဇောဂုဏ်သတင်း မြင့်မားတယ်တဲ့။ သူများ အသိအမှတ်မပြုရင် ဒါ ဗုဒ္ဓလို့ အသိအမှတ်မပြုရင် သူ့တရား ဘယ်သူ့မှ လက်မခံဘူးလေ။
★ ဒါက ဆရာဝန်ကြီးပဲ ဆိုတာ အသိအမှတ်ပြုဖို့လိုတာပေါ့၊ လူနာက အသိအမှတ်ပြုဖို့လိုတာ။ ဆရာဝန်အချင်းချင်းလည်း အသိအမှတ်ပြုဖို့လိုတယ်။ အဲဒီ အသိအမှတ်ပြုတာကို ဘုန်းဘုန်းက မုဒိတာလို့ခေါ်တာ။ ဒါဖြင့် ကိုယ့်ကြိုးစားမှုကို အရင် မုဒိတာလုပ်ဖို့၊ ကိုယ့်ဟာကိုယ် အရင် recognize လုပ်ဖို့ အရေးကြီးတယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။
