logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

Growth mindset ကို ဘယ်လိုတည်ဆောက်မလဲ

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
8/17/2026
Growth mindset ကို ဘယ်လိုတည်ဆောက်မလဲ

★ ပထမဆုံး video clip လေး တစ်ခု ကြည့်ရအောင်။ How to Develop a Growth Mindset (And Why It Matters) ဆိုတာလေး ကြည့်ရအောင်။ 

How to Develop a Growth Mindset (And Why It Matters)| TED Talk Daily

https://youtu.be/Kt9IkyVFBik?si=pKz-4ee0ja2LlcKD

★ Fixed mindset က ဘာပြောတာတုန်းဆိုတော့ ကိုယ့်ရဲ့ အရည်အသွေး ကိုယ့်ရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းက မွေးကတည်းက ပါလာတယ်။ မွေးကတည်းက ပါမလာဘူးဆိုရင်လည်း အဲဒါ မရှိတော့ဘူး။ မွေးကတည်းက ဉာဏ်ကောင်းတဲ့လူက နဂိုတည်းက ဉာဏ်ကောင်းတဲ့လူမို့လို့ ကြိုးစားဖို့မလိုဘူးဆိုတဲ့အမြင် ယုံကြည့်မှု၊ အဲဒီယုံကြည်မှုကို fixed mindset လို့ခေါ်တယ်တဲ့။ 

★ အဲဒီလူတွေက အခက်အခဲနဲ့ကြုံတဲ့အခါ အလွယ်တကူ စိတ်ဓါတ်ကျတယ် fixed mindset ရှိတဲ့လူ။ growth mindset ရှိတဲ့လူကျတော့ ကြိုးစားတယ်ဆိုရင် ဉာဏ်မကောင်းသေးတဲ့လူကလည်း ကောင်းလာနိုင်တယ်၊ မလုပ်တတ်တဲ့ဟာလည်း လုပ်လာနိုင်တယ်။ ဉာဏ်ကောင်းတဲ့လူ ပိုကောင်းလာတယ်ဆိုပြီးတော့ ကြိုးစားမှုကို သူက ယုံကြည်တယ်။ 

★ Strategies, effort and learning လေ့လာတယ် ဆိုရင် ဖြစ်ပေါ့။ growth mindset ကို စတန်းဖို့ဒ်တက္ကသိုလ်က prof. Carol Dweck က နေပြီး ဦးဆောင် သုတေသနလုပ်တယ်။ အရေးကြီးတာက အဆင်မပြေမှုတစ်ခု ကျရှုံးမှုတစ်ခု အမှားတစ်ခု အဲဒီလိုရှိတယ်ဆိုရင် growth mindset ရှိတဲ့လူက သူ ပြန်ပြီးတော့ နလန်ထူတယ်။ 

★ အဲဒီအတွေ့အကြုံသူယူပြီးတော့ ရှေ့ဆက်သွားတဲ့အခါမှာ ပိုပြီးတော့ ကောင်းလာတယ်။ အဲဒီအခက်အခဲပဲ၊ အဲဒီအမှားပဲ၊ အဲဒီအရှုံးပဲ၊ fixed mindset ရှိတဲ့လူကျတော့ identity တည်ဆောက်လိုက်တာ ငါဆိုပြီးတော့ တည်ဆောက်လိုက်တာ။ ငါ မှားတယ်၊ ငါ ရှုံးတယ်၊ ငါ အဆင်မပြေဘူး၊ ငါ မလုပ်နိုင်ဘူး၊ ငါ အရှက်ရတယ်။ လူကြားထဲမှာ ငါ အရှက်ကွဲတယ်။ ငါ တွေဖြစ်ကုန်တာ။

★ ရိပ်သာ ဘယ်ရိပ်သာပဲ သွားသွား ရိပ်သာသင်တာ ဘာသင်တာတုန်းဆိုတာ့ ငါ ထည့်ရင် ငါ ခံရပြီ။ အဲဒီအမှားထဲမှာ ငါထည့်ရင်တော့ ငါခံရပြီ။ ငါ မထည့်ရင် ငါ မခံရဘူး။ အဲဒါပဲ သက္ကာယဒိဋ္ဌိရဲ့ ဆိုးကျိုးလို့ပြောတာ။ 

★ အဲဒါကြောင့် တရားရအောင်ဆိုရင် သက္ကာယဒိဋ္ဌိကို အရင်ဆုံး ကိုင်တွယ်ရတာ။ နေရာတိုင်းမှာ ငါ လုပ်တဲ့ဟာ။ ဒါကြောင့် growth mindset နဲ့ fixed mindset က ဒီဟာကို အခြေခံတယ်လို့ ဘုန်းဘုန်းက နားလည်တယ်။ 

★ Growth mindset ရှိတဲ့လူက အခက်အခဲကို ရင်ဆိုင်တယ်၊ အခက်အခဲကို ရွေးပြီးတော့လုပ်တယ်။ အခက်အခဲကို မရှောင်ဘူး။ fixed mindset ရှိတဲ့လူကျတော့ ရှောင်တယ်တဲ့။ ကလေးတွေကို စမ်းသပ်ကြည့်တဲ့အခါမှာ ဒီသုတေသနထဲမှာ လွယ်တဲ့မေးခွန်းနဲ့ ခက်တဲ့မေးခွန်း နှစ်မျိုးစလုံးပေးတယ်။ 

1. They embrace challenges instead of avoiding them.

★ လွယ်တဲ့မေးခွန်း ရွေးပြီးဖြေတယ်ဆိုရင် အမှတ်များမှာပဲ၊ ကလေးတွေက သိတယ်။ ဖြေလည်းဖြေနိုင်တယ်။ ခက်တဲ့မေးခွန်း ရွေးပြီးဖြေတယ်ဆိုရင်တော့ ဆရာမကြီးတွေက အားပေးတာ၊ ဒီတစ်ကြိမ်အမှတ်များတာ နည်းတာ အသာထား၊ ရေရှည်မှာ ဦးနှောက်ပိုကောင်းတယ်။ စိတ်ဓါတ်ပိုကြံ့ခိုင်တယ်တဲ့။ 

★ တောင်တက်တာနဲ့ ပြေတဲ့လမ်းလျှောက်တာနဲ့ ကိုယ့်ရဲ့ ခြေသလုံး muscle နှလုံးရဲ့ muscle တွေ ကွာတာပေါ့။ အဲဒီအတိုင်းပါပဲ။ အဲဒီမှာ ဘယ်သူတွေက ဘာတွေရွေးတုံး။ ရွေးရင် ဘယ်လို mindset ရှိတုန်းဆိုတဲ့ဟာကို ဘုန်းဘုန်းတို့ နောက် ဗီဒီယိုမှာ ကြည့်ရလိမ့်မယ်။ 

★ ဒီမှာတော့ growth mindset ရှိတယ်ဆိုရင် ခက်ခဲတဲ့အလုပ်တွေကို ခက်ခဲတဲ့အရာတွေကို မရှောင်ဘူးတဲ့။ မရှောင်တာက သူက တချို့လူတွေက ငါနဲ့ မရှောင်တာ။ မခံချင်စိတ်နဲ့ မရှောင်တာ။ သူများတွေငါ့ကို အထင်သေးတယ်။ ငါ သက်သေပြလိုက်မယ်။ you want to prove that. အဲဒါလည်း အတ္တပါနေတယ်။ ဒီဟာက အတ္တမပါဘူး process ကို ပဲကြည့်တာ။ အတ္တပါပေမဲ့ သူက နည်းတာပေါ့နော်။

2. They see effort as a path to mastery, not a sign of weakness.

3. They learn from criticism instead of feeling crushed by it. 

★ အမှားနဲ့တွေ့တဲ့အခါ အခက်အခဲနဲ့ တွေ့တဲ့အခါမှာ အဲဒီအခက်အခဲတဲ့အလုပ်တစ်ခုကို လုပ်ဖို့ struggle လုပ်တဲ့အခါမှာ အဲဒီဟာကို အားနည်းအနေနဲ့ မမြင်ဘဲနဲ့၊ a path to progress ဆိုတာ တိုးတက်ဖို့အတွက်လမ်းလို့ ယူဆတာတဲ့။ အမြင်ကကိုကွာတာ၊ attitude ကကိုကွာတာ။

★ တောင်တက်တဲ့လူနဲ့ မြေပြန့်လျှောက်တဲ့လူ တောင်တက်တဲ့လူက ‌နှေးမှာပေါ့။ အစပိုင်းမှာလေ။ ကြာလာတဲ့အခါကျတော့ နှလုံးတို့ အဆုတ်တို့ ကွာသွားတာပေါ့။ တိဘက်လူမျိုးတွေက တောင်ပေါ်မှာပဲ နေရတယ်။ high altitude မှာ နေရတဲ့အခါကျတော့ သူတို့ရဲ့ အဆုတ်တွေက သူများထက် ပိုကြီးတယ်တဲ့။ 

★ တိဘတ်ဆရာတော်တွေ ဘုရားရှိခိုးတဲ့နည်းလေ တကိုယ်လုံး ဝါးလျားမှောက်ပြီးတော့ ရှိခိုးတဲ့ဟာ ဘုန်းဘုန်းတို့ကျောင်းမှာ ဆရာတော်နှစ်ပါး နှစ်တိုင်းလာပြီးတော့ အောက်စဖို့ဒ်တက္ကသိုလ်မှာ lecture ပေးရင် ဘုန်းဘုန်းတို့ကျောင်းမှာ တည်းပါတယ်၊ အင်္ဂလန်မှာ။ 

★ သူတို့နဲ့စကားပြောရင်းနဲ့ ဘုန်းဘုန်းတို့ရဲ့ ထေရဝါဒနည်းတွေ၊ သူတို့နည်းတွေ အဲဒါမျိုးတွေစကားပြောရင်းနဲ့ သူတို့ဘုရားရှိခိုးတဲ့နည်း ဘုန်းဘုန်းတို့ လုပ်ကြည့်တာ ငါးကြိမ်လောက်ပြ လုပ်နိုင်တယ်။ 

★ ကြွလာတဲ့ဆရာတော်နှစ်ပါးထဲမှာ သူ့ရဲ့တပည့်က တစ်နေ့ကို သုံးရာ၊ Gym သွားဖို့မလိုတော့ဘူး။ ငယ်ကတည်းက လုပ်ထားတဲ့အခါကျတော့ ရေရှည်ကျတော့ ကွာသွားပြီလေ။ တောင်တက်တယ်ဆိုရင်လည်း ပြောမနေနဲ့တော့။ အဲဒီတော့ ချမ်းတယ်ဆိုတဲ့ အင်္ဂလန်မှာ သူတို့က လက်တိုလေးတွေနဲ့ နေနိုင်တယ်။ 

4. They find inspiration in others' success instead of jealousy. 

★ ဒီဟာလေး အရေးကြီးတယ်၊ မုဒိတာအရေးကြီးပုံ၊ သူများရဲ့အောင်မြင်မှုကို ကြည့်ပြီးတော့ အားကျမှု inspiration ရတယ်တဲ့။ သိမ်ငယ်တဲ့စိတ်၊ မနာလိုဝန်တိုတဲ့စိတ် jealousy မဖြစ်ဘူးတဲ့။ 

★ ဒီဟာက လမ်းဆုံလမ်းခွ လိုဖြစ်နေတာ။ မိဘလက်ထက်တည်းက အောင်မြင်လာတယ် ကြီးပွားလာတယ်တဲ့ သူတွေကြည့်ပြီးတော့ တခြားလူတွေက အားငယ်ရင်ငယ်နေမှာပေါ့။ မဟုတ်ရင် jealous ဖြစ်ရင် ဖြစ်မယ်။ လမ်းဆုံလမ်းခွဖြစ်နေတယ်လေ။ လမ်းဆုံလမ်းခွဆိုရင် တဖက်ဖက်ကို ယူရတော့မယ် ချိုးရတော့ ဘယ်ဘက်ချိုးမလား ညာဘက်ချိုးမလား အဲဒါပေါ့။ တစ်ဖက်က မုဒိတာရှိတယ်။ တစ်ဖက်က jealousy ရှိတယ်။ 

★ ဦးနှောက်အနေနဲ့ပြောရင်လည်း ဘယ်ဘက်နဲ့ညာဘက်နဲ့၊ prefrontal cortex ကောင်းတဲ့အတွေးမှာ နောက်က ဦးနှောက် amygdala မဟုတ်ဘူးနော်။ ရှေ့ကဦးနှောက်တောင်မှ ဘယ်ဘက်နဲ့ ညာဘက်ကွာသေးတယ်။ ဘယ်ဘက်ဆိုရင် ပိုပြီးတော့ တည်ငြိမ်တယ်။ ပိုပြီးတော့ emotion အရ ခိုင်မာတယ်။ ညာဘက်သွားတဲ့ဟာက ပိုပြီး wavering ဖြစ်တယ်ပေါ့။ 

★ အဲဒါကြောင့်မို့လို့ အပြင်ကအာရုံတစ်ခုခုနဲ့တွေ့တဲ့အခါ ဒါကတော့ စာစကားပြောတာပေါ့၊ စာမဟုတ်တာနဲ့ဆို information တစ်ခု ကိုယ့်ရဲ့မျက်စိထဲကို ကိုယ့်ရဲ့နားထဲ ဝင်လာတိုင်း ကိုယ်က ဘာဖြစ်တာတုန်းဆို we are at a crossroad. လမ်းဆုံးလမ်းခွရောက်နေတယ်။ ချိုးကိုချိုးရတယ်။ 

★ အဲဒါချိုးတာ ဘယ်ဘက်ချိုးမှာတုန်း၊ jealousy ဘက်ချိုးမလား၊ inspiration အားကျတယ်ဆိုတာ သူများမုဒိတာဖြစ်တာ။ instead of jealousy ဣသာမစ္ဆိရယ် ဂျေဝင်မယ့်အစား မုဒိတာဖြစ်တယ်တဲ့။ ဒါကြောင့် မုဒိတာဖြစ်တယ်ဆိုရင် ကိုယ်က inspire ဖြစ်ပြီးတော့ အားကျပြီးတော့ ကြိုးစားချင်တဲ့စိတ်တွေဖြစ်တယ်။ 

You become less afraid of trying because failure becomes feedback, not identity. 

It makes you braver, more adaptive, and ultimately more successful.

★ ဒီဟာ အရေးကြီးတာ၊ မအောင်မြင်နေတဲ့အချိန် အလုပ်လုပ်တာ မပြီးစီးတဲ့အချိန်၊ ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့အချိန်တောင်မှ ကိုယ်က ရဲရင့်မှုရှိတယ်၊ adaptability အခြေအနေကို ကြည့်ပြီးတော့ ပြုပြင်ပြောင်းလဲနိုင်တယ်၊ ခေါင်းမမာဘူး။ နောက်ဆုံးကျတော့ ပိုပြီးတော့ အောင်မြင်တယ်။ 

★ ဒီ mindset အကြောင်းကို လူတွေသောင်းချီပြီးတော့ နှစ်ပေါင်းများစွာ ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံပြီးတော့ သုတေသနလုပ်ထားတဲ့ project တွေပါ။ 

I’m just not good at math. I’ve always been like this. 

If I fall, it means I’m not smart.

I’m not good at this yet. 

This is hard, and that’s how I grow. 

★ ငါ သင်္ချာမတော်ဘူး၊ စာမေးပွဲကျလို့ ငါ မတော်ဘူး အဲဒီလို conclusion လုပ်လိုက်တာ။ အဲဒါဆို ဘာဖြစ်သွားတုံး၊ fixed mindset ဖြစ်သွားတယ်။ သင်္ချာကျတယ်ဆိုရင် ငါ မတော်ဘူးဆိုတဲ့ဟာထက် ငါ မတော်သေးဘူးလို့ပြောတာ။ ငါ မလုပ်နိုင်ဘူးဆိုတာထက် ငါ မလုပ်နိုင်သေးဘူးလို့ မြင်ရမှာ။ ကိုယ့်ကိုယ်ကိုယ်ပြောတဲ့ self-talk ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောတဲ့ဟာ လူတိုင်းပြောတဲ့ဟာ၊ အဲဒီ narrative ကို ပြောင်းရမှာတဲ့။ 

Here are 5 daily practices I recommend.

Celebrate effort, not just outcomes.

★ ဒီမှာ နေ့တိုင်းနေ့တိုင်းတဲ့ ကြိုးစားမှုကို မုဒိတာလုပ်ပါတဲ့။ Not outcomes ရလဒ်ကို မကြည့်နဲ့လို့ပြောတာမဟုတ်ဘူး၊ 80/20 ဆိုပါတော့ ရလဒ်ကို ၂၀လောက်ကြည့်၊ ကြိုးစားမှုကို ၈၀ လောက်ကြည့်။ ဒီနေ့ကြိုးစားမှုမှာ ဘယ်နေရာလေးမှာ ငါ အချိန်ပိုပေးတယ်၊ ဘယ်နေရာလေးမှာ အသေးစိပ်ပိုပြီးတော့ ကြည့်တယ်။ ဘယ်နေရာလေးမှာ ပိုပြီးတော့ ပြင်ဆင်တယ် အဲဒါမျိုးတွေကြည့်ပါ။ 

မရဘူးဆိုရင် အနည်းဆုံး 50/50 ဆိုရင်လည်း မနည်းဘူး။ ရလဒ်ကို 50, effort ကို 50 ဒါပေမဲ့ 50/50 ဆိုရင် outcomes က နိုင်သွားတတ်တယ်။ outcomes က anxiety ဖြစ်စေတယ်။ ဒါကြောင့် နည်းနည်းလျော့ထားတာကောင်းတယ်။ 60/40 , 70/30 ဆိုလည်း ကောင်းတယ်။ 

Use mistakes as data, not identity.

★ မနေ့က ဘယ်လိုဖြစ်တယ် data မှတ်ထားတယ်။ အရင်တပတ်ဘယ်လိုဖြစ်တယ် data မှတ်ထားတယ်။ အဲဒီ data တွေကို ငါ အရင်တုန်းကလည်း ဒီတိုင်းပဲ၊ ခုလည်း ဒီတိုင်းပဲ၊ အရင်တုန်းကလည်း ငါပဲလုပ်ရတယ်။ အဲဒါ လုပ်နိုင်တဲ့သူတွေရဲ့မာနပေါ့။ မလုပ်နိုင်တဲ့လူအနေနဲ့လည်း ငါ အရင်တုန်းကလည်း လုပ်လို့အဆင်မပြေဘူး၊ အခုလည်း အဆင်မပြေဘူး ဆိုတော့ ငါ တွေဖြစ်ကုန်ရော အဲဒါကို identity လို့ခေါ်တယ်။ 

★ ဒီအတွေ့အကြုံထဲမှာတဲ့ လူသားတွေ အတွေ့အကြုံကို ခန္ဓာလို့ခေါ်တယ်၊ အတွေ့အကြုံပဲရှိတယ်။ အဲဒီအတွေ့အကြုံထဲမှာ ငါ မရှိဘူးဆိုပြီးတော့ ဗုဒ္ဓတရားတော်ရဲ့ အဆုံးအမ။ အဲဒီတော့ အမှားကို data အနေနဲ့ lesson လုပ်ဖို့အတွက် ယူထားပါတဲ့။ အဲဒီ mistake ကို ငါဆိုပြီးတော့ မလုပ်ပါနဲ့တဲ့။ 

Ask ‘What can I learn from this?’ after any setback.

★ ဒီကနေပြီးတော့ ဘာများသင်ခန်းစာယူရမှာတုံး။ ဘာများလေ့လာရမှာတုံး။ ငါ အသိဉာဏ်ပိုပြီးတော့ မြင့်မားသွားအောင်၊ ဒီအမှားကနေပြီးတော့ ငါ ဘာတွေ သိရှိနိုင်တုံး။ အဲဒီလိုစိတ်ရှိတဲ့လူက feedback ကို မကြောက်ဘူး။ 

★ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ feedback အပေးခံရတိုင်း အဲဒီကျောင်းသားက ဆရာမကြီးပြောခံရတယ်၊ ဒီနေ့ စိတ်ထဲမှာ တနေကုန်တနေခမ်း နေလို့မကောင်းဘူး၊ တပတ်လုံးနေလို့မကောင်းဘူး။ ဆရာမကြီးတွေနဲ့ မတွေ့ချင်တော့ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ သူက ငါ လုပ်လိုက်တာကိုး။ အဲဒီ feedback ကို သူက တန်းဖိုးထားမယ့်အစား သူက identity အနေနဲ့လုပ်လိုက်တာ။ 

Keep a ‘growth wins’ journal. 

★ growth mindset journal တဲ့ ဒိုင်ယာရီလေးထားပါ။ နောက်တစ်ခု။

Surround yourself with growth-minded people. Their energy is contagious.

★ ဒီဟာတော့ ပတိရူပ ဒေသဝါသောစ ဆိုတာ မင်္ဂလာတရားထဲမှာ သင့်လျော်လျောက်ပတ်တဲ့အရပ်မှာ နေရမယ်ဆိုတာ growth mindset ရှိတဲ့နေရာ နေရမယ်တဲ့။ ဒါဖြင့် အဲဒီနေရာက မန္တလေးလား၊ ရန်ကုန်လား၊ တောင်ကြီးလား။ အဲဒီလို မေးလို့မရဘူး။ ကိုယ့်ဟာကိုယ်ပဲ တည်ဆောက်ရတာ။ 

★ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း growth mindset ရှိအောင်၊ ကိုယ်ကိုယ်တိုင် growth mindset ရှိအောင်၊ အတူတူခရီးသွားတာလေ၊ အဲဒီလိုသွားတယ်ဆိုရင်တော့ ဘယ်နေရာပဲနေနေ motivation က အမြဲတမ်းမြင့်နေတယ်။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၂.၁၁.၂၀၂၅) မန္တလာတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး” ပထမပိုင်း တရားတော် မှ စာစီပူဇော်ပါသည်။